ကချင်ပြည်နယ် မိုးမောက်-လွယ်ဂျယ်ကားလမ်း တလျောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIA နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်တိုက်ခိုက်နေရာမှာ မနေ့ စနေနေ့က စစ်ကောင်စီ တပ်စခန်း နောက်ထပ် ၃ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံရမည့် အခြေအနေကနေ လွတ်မြောက်ရေး အကူအညီတွေပေးနေကြောင်း NUG အမျိုးသားညီညွတ်ရေး အစိုးရက စနေနေ့က စတင်ကြေညာပြီး ၁၂ နာရီအတွင်း ဆက်သွယ်အကူအညီ တောင်းခံလာသူပေါင်း ၆ ထောင်ကျော် ရှိနေကြောင်း NUG ၀န်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဗွီအိုအေကို ပြောပါတယ်။
Burma Act 2022 ဥပဒေ အရ ၂၀၂၃-၂၀၂၄ ခုနှစ် အမေရိကန် အစိုးရ ဘတ်ဂျက်အသုံးစရိတ်ထဲ မြန်မာ့ဒီမိုကရေစီရေးအတွက် ခွင့်ပြုခဲ့တဲ့ ငွေ ပမာဏ စုစုပေါင်း - အမေရိကန် ဒေါ်လာ ၁၂၁ သန်း
ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ထိန်းချုပ်ထားတဲ့နေရာမှ ယူဂန်ဒါနိုင်ငံသား ၂၃ ယောက် လွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့တယ်လို့ DKBA တာ၀န်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်ကောင်စီ တပ်သား (၃) ဦးဟာ မတ်လ ၃၀ ရက် (စနေနေ့) နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဒေသခံအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြကြပါတယ်။
မြန်မာ့အရေးမှာ ပဋိပက္ခဖြစ်နေတဲ့ အစုအဖွဲ့တွေကြား ကြားခံလူ (Middle Man) အဖြစ် အလွတ်သဘော ဆောင်ရွက်ပေးဖို့ အမေရိကန်နဲ့ တရုတ်က တောင်းဆိုလို့ အကူအညီပေးနေတာလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် (Srettha Thavisin)က ပြင်သစ် FRANCE 24 ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
မြန်မာ့အရေး ပဋိပက္ခဖြစ်နေတဲ့ အစုအဖွဲ့တွေကြား ကြားလူအဖြစ် အလွတ်သဘော ဆောင်ရွက်ဖို့ အမေရိကန်နဲ့ တရုတ်က တောင်းဆိုလို့ အကူအညီပေးနေတာလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင်က FRANCE 24 ရုပ်သံနဲ့မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။ မြန်မာပဋိပက္ခဟာ “ပြည်တွင်းစစ်လုံးလုံး ဖြစ်နေတာ မဟုတ်သေးဘူး” လို့သုံးသပ်သွားပါတယ်။
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ ရယောင်မြို့နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ကရိန်းပြိုကျလို့ မြန်မာလုပ်သား ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေအတွက် နစ်နာကြေးရနိုင်ဖို့ ကျန်အလုပ်သမားထောင်ချီ တောင်းဆိုကြတဲ့အတွက် ရဲက ဝင်ရောက်ဖြေရှင်းခဲ့ရပါတယ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ဓမ္မသကျေးရွာမှာ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာဆီ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ကျေးရွာထဲမှာ ပိတ်မိနေတဲ့ မီးဘေးသင့် ဒေသခံတွေကို ကူညီနိုင်ဖို့ကလည်း လမ်းကြောင်းအခြေအနေ အန္တရာယ်ရှိလို့ ဒုက္ခရောက်နေကြပါတယ်။
မြန်မာနိုင်ငံကို ပို့မယ့် ဒရုန်းဖျက်လက်နက် လက်ဝယ်တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းရဲတွေက ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပိုစ်မှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံကို ဒရုန်းဖျက်လက်နက်ပို့ဖို့ လုပ်နေကြောင်း သတင်းရခဲ့ပြီးနောက် အခုလို ဖမ်းမိတာဖြစ်ကြောင်းပြောပါတယ်။
လူသားချင်းစာနာမှု အကြပ်အတည်းနဲ့ ပဋိပက္ခတွေအကြား မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း မွတ်ဆလင်တွေ ဒီနှစ် ဥပုသ်လ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်း ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က မနေ့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်