မြန်မာနိုင်ငံနယ်စပ်က အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်ငန်းတွေမှာ ပိတ်မိနေခဲ့ကြတဲ့ တရုတ်နိုင်ငံသားတွေထဲက ၉၀၀ လောက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တရုတ်နိုင်ငံကို လွှဲပြောင်းရာမှာ ကူညီပေးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ရုရှား-အာဆီယံ ဆက်ဆံရေးဆိုင်ညှိနှိုင်းရေးမှူးအဖြစ် အလှည့်ကျ ဘရူးနိုင်း အစား မြန်မာနိုင်ငံကို အာဆီယံက ပြောင်းလဲ ခန့်အပ်လိုက်တာကို ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ Justice For Myanmar (JFM) အဖွဲ့ က ၀ေဖန်ကန့်ကွက်လိုက်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ငွေကြေးဖောင်းပွမှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ လိုအပ်နေသူ ၁၈ သန်းခွဲကျော် ရှိနေတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။
အထင်အရ ထိုင်းလွှတ်တော်အမတ်တွေဦးဆောင်ပြီး မြန်မာ့အရေးအဖြေရှာတဲ့ ဆွေးနွေးပွဲကို ထိုင်းလွှတ်တော်မှာ ၂ရက်တာကျင်းပပါတယ်။ NUG ခေါင်းဆောင်တွေ၊ မြန်မာ့အရေး ဦးဆောင်လှုပ်ရှားသူတွေကိုဖိတ်ပြီး ခုလို ဆွေးနွေးတဲ့အပေါ် အင်မတန်အားတက်မိတယ်လို့ ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ မခင်ဖြူထွေး မေးမြန်းထားပါတယ်။
မြန်မာပြည်သူတွေရဲ့ အခြေအနေတွေ လိုအပ်ချက်တွေ ကြုံရတဲ့ စိန်ခေါ်ချက် ဒုက္ခတွေ အဲဒါတွေကိုလည်း သူတို့ နားထောင်ပြီးတော့ .. အဲဒီကနေပြီးတော့မှ ပြည့်စုံကုံလုံတဲ့ သုံးသပ်ချက် လွှမ်းခြုံမှုရှိတဲ့ သုံးသပ်ချက်တွေနဲ့ အဖြေရှာချင်တယ် ဆိုတဲ့ဟာမျိုး ထိုင်းအောက်လွှတ်တော်ရဲ့ ဒုဥက္ကဌကလည်း ပြောသွားတယ်။
မြန်မာ့အရေးကို လွှတ်တော်မှာ ဘာတွေ ဆွေးနွေးတယ် ဆိုတာကို ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့အတူ ဒီဆွေးနွေးပွဲ ပထမနေ့ကို တက်ရောက်ခဲ့တဲ့ Progressive Voice Myanmar ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာကို ဆက်သွယ်မေးမြန်းထားပါတယ်။
ထိုင်းလွှတ်တော်မှာ မြန်မာ့အရေး ဆွေးနွေးမှုကိုရော မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေ ရပ်သွားအောင် နိုင်ငံတကာက လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးမဟာမင်းကြီးရဲ့ တောင်းဆိုမှုကိုပါ မြန်မာစစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။
မြန်မာနိုင်ငံဘက်ကနေ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့သူတွေလို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၄၉၇ ယောက်ကို မြန်မာနိုင်ငံဘက်ကနေ ထပ်မံ လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်အများပြည်သူလုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက သောကြာနေ့တုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်း ၃ နှစ်အလွန် ထိုင်းနယ်စပ်မှာ လုံခြုံရေးရိုက်ခတ်မှု ရှိလာပြီးနောက် ထိုင်းလွှတ်တော်မှာ မြန်မာ့အရေး ဆွေးနွေးမှုကိုရော ပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေ ရပ်သွားအောင် နိုင်ငံတကာကလုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးမဟာမင်းကြီးရဲ့ တောင်းဆိုမှုကိုပါ မြန်မာစစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။
မြန်မာနိုင်ငံဘက်ကနေ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့သူတွေလို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၄၉၇ ယောက်ကို မြန်မာနိုင်ငံဘက်ကနေ ထပ်မံ လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်အများပြည်သူ လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနက သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ မူဝါဒကို အသစ်ပြင်ဆင်ချမှတ်ဖို့ ထိုင်းလွှတ်တော်အမတ်တွေက လိုလားနေကြတယ်လို့ ဒီကနေ့ ထိုင်းလွှတ်တော်မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သူတချို့က VOA မြန်မာပိုင်းကို ပြောပါတယ်။
နယ်စပ်ဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်နှိမ်နှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေးဟာ အဓိက သော့ချက်ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်