ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ကို မတ်လ ၂၀ ရက်၊ ဒီကနေ့ မနက်က ကမာရွတ်ခရိုင် တရားရုံးရဲ့ အစီအစဉ်နဲ့ လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူမယ့်သူ မရှိတာကြောင့် လေလံမအောင်ဘဲ ပြီးဆုံးသွားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီး ပင်လယ်မှာ ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ သစ်သားလှေတစ်စင်း တိမ်းမှောက်ခဲ့တဲ့အတွက် အင်ဒိုနီးရှားငါးဖမ်းသမားတွေက ကယ်တယ်ခဲ့တယ်လို့ ဒေသတွင်း ငါးဖမ်းလုပ်ငန်း တာ၀န်ရှိသူတဦးက ပြောပါတယ်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာရှိတဲ့ အထည်ချုပ်စက်ရုံနှစ်ခုမှာ မြန်မာအလုပ်သမား ၁,၀၀၀ ကျော်က အလုပ်သမားအခွင့်အရေးတချို့ကို ရဖို့ ဆန္ဒပြ တောင်းဆိုနေကြပြီး အလုပ်သမား ၂၀၀ လောက်ကို စက်ရုံပိုင်ရှင်တွေက နေရပ် ပြန်ပို့လိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းက မြို့နယ် တော်တော်များမှာ စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီတဲ့ လူငယ်တွေကို ဒီလဆန်းပိုင်းကစလို့ စစ်ကောင်စီက စာရင်းကောက်ယူတာတွေ၊ မဲနှိုက်ခိုင်းတာတွေ စတင် လုပ်ဆောင်နေတာကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ် တော်တော်များများဟာ ပြည်ပနိုင်ငံတွေကို ရတဲ့နည်းလမ်းနဲ့ထွက်ခွာနေကြတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်သားစုဆောင်းမယ့် ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ၂ လကျော်ကြာ ငြိမ်နေပြီး၊ မြို့တွင်းမှာ စစ်ကောင်စီအဖွဲ့ရှိသလို၊ အပြင်ဘက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိနေပါတယ်။
""လေလံကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း တိတိိနဲ့ လေလံတင်ရောင်းချနေပါတယ်။ ဝယ်ယူမဲ့သူရှိပါသလား။" ကမာရွတ်ခရိုင်တရားရုံး လေလံအရာရှိ က မောင်းတီးကြေညာပြီး လေလံဈေးပေးမဲ့သူမရှိတာကြောင့် "လေလံတင်ရောင်းချတာ ဝယ်ယူမဲ့သူမရှိတာကြောင့် လေလံရောင်းချခြင်းမအောင်မြင်ကြောင်းကြေညာပါတယ်ရှင်"
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ကျယ်ပြန့်လာနေတာကြောင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့အတူ ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron က တိုက်တွန်းလိုက်ပါတယ်။
"မဝင်မနေရ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ပေါ်လာမယ့်အန္တရာယ်တွေကို ဘယ်လို အကောင်းဆုံး ကိုင်တွယ်ကြမလဲ" လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၅ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးသံတမန်နဲ့ တက်ရောက်လာကြတဲ့ နိုင်ငံတွေကို ယူကေက မေးခွန်းထုတ်လိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ "ချော့မော့ဆက်ဆံရေး နိုင်ငံတကာရွှေပြည်အေးတရား" က ကျဆုံးနေတာ ထင်ရှားလှပြီး ပေါင်းစပ်ညှိနှိုင်း ပစ်မှတ်ထား၊ ပိတ်ဆို့၊ အပြစ်ပေး၊ အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးသံတမန် Tom Andrews က အင်္ဂါနေ့မှာ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
"မဲမပေါက်တဲ့ပြည်သူတွေကျတော့ တအိမ်ထောင်ကို ၅,၀၀၀၊ ၁၀,၀၀၀ ကောက်ခံကြတယ်။ ... ဘာ လုပ်ဖို့လဲမေးတော့ သူတို့မဲဖောက်လိုက်တဲ့သူတွေ သင်တန်းတက်တဲ့အခါမှာ လစာပေးဖို့ သုံးဖို့အတွက် ကောက်ခံတာပေါ့။ ပြောရရင်ငါးကြင်းဆီနဲ့ငါးကြင်းကြော်တာပေါ့။ ခုကောက်ခံနေပြီ။ မဲပေါက်တဲ့သူက အပြင်ထွက်ခွင့်မရှိဘူး။" (မင်းဘူးမြို့ဒေသခံ)
ထိုင်းနိုင်ငံ အရှေ့ဘက် ပင်လယ်ကမ်းခြေရှိတဲ့ ရရောင်းခရိုင် စမ်နပ်ထောင်းမြို့နယ် လပ်ချိုင်းမောင်ရမ် စက်မှုဇုန်မှာရှိတဲ့ အလုပ်သမားတန်းလျား မှာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ မနက်အစောပိုင်းမှာ လူသတ်မှုဖြစ်ပွားခဲ့တာပါ။
မြန်မာစစ်ကောင်စီတပ်တွေနဲ့ KNU နဲ့ တိုက်ပွဲတွေကြား စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ထိုင်းနိုင်ငံထဲ ထွက်ပြေးခဲ့ကြကြောင်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံရှိ အုန်းဖန်မြို့နယ်ကို ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ကျော်ကို ထိုင်းစစ်တပ်က ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်