ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မလောင်း ရွေးပွဲတွေဟာ သမ္မတဟောင်း Donald Trump နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley တို့ နှစ်ယောက်တည်း ဆက်ပြိုင်နေဆဲဖြစ်ပြီး ဘယ်လောက်ကြာကြာ ၂ ယောက် ဆက်ပြိုင်မလဲဆိုတာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
စစ်ကောင်စီ ဂျက်တိုက်လေယာဥ်တွေက မင်းပြားမြို့နယ်က မင်းဖူးဆေးရုံနဲ့ သေကန်ကျေးရွာကို ဒီကနေ့ မနက်ပိုင်းက လာရောက်ဗုံးကြဲတာကြောင့် လူပေါင်း ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရသွားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့် ဒေသခံတွေ သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိပါတယ်။
မလေးရှားနိုင်ငံ၊ ဆလန်ကောပြည်နယ် ရေပိုင်နက်ထဲမှာ သစ်သားလှေနဲ့ တရားမဝင် ဝင်ရောက်လာသူ ၂ ဒါဇင်လောက်ကို ဖမ်းဆီးရမိကြောင်း မလေးကမ်းခြေစောင့်တပ်ဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေးပြဿနာတွေကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ နှေးကွေးနိုင်တယ်လို့ ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) က ပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အရှေ့တောဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဒီကနေ့အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းရန်နဲ့ တိုက်ပွဲကြောင့် အနီးဝန်းကျင်က ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ အကြားတိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းကို သိမ်းယူလိုက်ကြောင်း KIA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ တိုက်ပွဲကြောင့် တာမခန်နဲ့ အနီးအနားရှိ ကျေးရွာ ၃ရွာလောက်က ပြည်သူတွေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်းက စစ်ကောင်စီရဲ့ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရခိုင်တပ်တော် AA က တိုက်ခိုက်နေပြီး နေရာအများစုကို သိမ်းယူထားပြီလို့ AA ပါဝင်တဲ့ ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံမှာ အထောက်အထားမယ့်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးထောင်ချတာတွေမလုပ်ဘဲ သက်ဆိုင်ရာသံရုံးရဲ့နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက် (CI) နဲ့ မတ်လ ၁ ရက်ကစပြီး နေရပ်ပြန်ခွင့်ပေးသွားမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး (Saifuddin Nasution Ismail) က မကြာသေးခင်က အသိပေးထားပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ဆိုက်ဘာ အွန်လိုင်းလိမ်လည်တဲ့ ရာဇဝတ်လုပ်ငန်းတွေရှိရာ KK Park မြို့သစ်စီမံကိန်းမှာ ယူဂန်ဒါနိုင်ငံသား ၃၀ လောက်ပိတ်မိနေပြီး အတင်းအကျပ်စေခိုင်းခံနေရတယ်လို့ ယူဂန်ဒါအစိုးရက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ မတည်မငြိမ်ဖြစ်အောင် နည်းပရိယာယ်အမျိုးမျိုးနဲ့ ကာလကြာရှည်ကတည်းက မြန်မာဘက်က ကြိုးစားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ရာဇ၀တ်မှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ (RAB) ညွှန်ကြားရေးမှူးချုပ် M Khurshid Hossain က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ယူကရိန်း၊ ဆူဒန်၊ ဂါဇာ စတဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာနေရာတွေမှာ နိုင်ငံတကာ ဥပဒေကို မျက်ကွယ်ပြုနေတဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လာနေတဲအကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က သတိပေးပြောဆိုသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်