လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကာကွယ်ရေးဝန်ကြီး အစည်းအဝေးကို မြန်မာကိုယ်စားလှယ် တက်ရောက်နေပါတယ်။
တနင်္သာရီတိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေကြရသူတွေ နှစ်ချီကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အပါအဝင် အခြေခံလိုအပ်ချက်တွေလည်း တိုးလာနေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
“ မနက်တုန်းကတော့ ပစ်တယ်။ အခုတော့ ပြန်ငြိမ်သွားပြီ။ မနေ့ကလည်း ပစ်တာပဲ။ မနေ့ကတော့ တော်တော်ကြမ်းတယ်။ ဆိုက်ခေါင်ကနေ ဆီဆိုင်ဘက်ကို အမြှောက် တောက်လျှောက် ထုတာပဲ။ နောက်ပြီး ဘန်းယဉ်၊ ဘန်းယဉ်အရှေ့ဘက် ထမ်ယမ်းမှာလည်း ပစ်သွားတယ်။ ၃ချက်လား၊ ၄ချက်လားမသိဘူး။ ရွာထဲကို ကျသွားတယ်။ "
"အခု စင်မြင့်ပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးတွေက နှုတ်ဆိတ်နေဖို့ ငြင်းဆန်ထားကြပါတယ်။ အသံတိတ်စေဖို့ ဖိနှိပ်ထားတဲ့ကြား၊ အကြောက်တရားကြား အရဲစွန့်ပြီး ထုတ်ပေါ်ပြောဆိုကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေရဲ့အကြောင်းကို ကျမ ကြားရတော့ သူတို့တယောက်ချင်းစီရဲ့ ခွန်အားကို အံ့ဩချီးကျူးမိပါတယ်။" (Jill Biden- သမ္မတကတော်)
"စစ်ကောင်စီက သူတို့ကြွေးကြော်နေတဲ့ ပြည်ထောင်စုမပြိုကွဲရေးဆိုတာကို တရားဝင်ဖြိုခွဲ စွန့်လွှတ်လိုက်တာ။ အခု ကိုးကန့်ကိုပေးလိုက်ပြီ။ နောက်မကြာခင် TNLA တောင်းနေတဲ့ပြည်နယ်ပေါ့ဗျာ။ အဲဒါလည်း မကြာခင်ပေးတော့မယ်။ ရခိုင်ကလည်း သံတွဲလောက်ရပြီးလို့ရှိရင်တော့ သူကလည်းရပ်တော့မှာပေါ့ဗျာ။" (ဦးသန်းစိုးနိုင်-သုံးသပ်သူ)
မလေးရှားနိုင်ငံထဲမှာ အထောက်အထားမရှိဘဲ တရားမဝင် နေထိုင်နေသူတွေ နေရပ်ပြန်တဲ့အခါမှာ မလေးရှားအစိုးရကို ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေကို မလေးရှားအစိုးရက မလေးရှားငွေ ရင်းဂစ် ၅၀၀ အထိ လျှော့ချပေးလိုက်ပြီး ဒီလို ဒဏ်ကြေးလျှော့ချပေးထားတဲ့ သက်တမ်းဟာ ဒီဇင်ဘာ ၃၁ ရက်အထိ ၁၀ လ အကျုံးဝင်ပါတယ်။
ရန်ကုန် အင်းစိန် ဗဟိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတချို့ ရိုက်နှက်ခံရပြီးနောက် တိုက်ပိတ်ခံထားရပြီး ဆေးကုသခွင့်နဲ့ ဧည့်တွေ့ခွင့်၊ ပါဆယ်ပို့ခွင့်တွေပါ ပိတ်ပင်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ဗွီအိုအေကို ပြောကြပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ ပဋိပက္ခကို ဖြေရှင်းရာမှာ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့နဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကို တရားဝင် အသိအမှတ်ပြုဖို့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဩစတြေးလျနိုင်ငံကို မြန်မာ့အရေးလှုပ်ရှားသူတွေ ဒီနေ့ တောင်းဆိုကြပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်း မနေ့က ထွက်သွားပြီးတဲ့နောက် ခန္ဓာကိုယ်ကို ဖျက်ဆီးထားတဲ့ အလောင်း အနည်းဆုံး ၁၁ လောင်း တွေ့ရတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။
မံစီမြို့နယ် မဂျီဂုံရွာရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို KIA က သိမ်းယူလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့သလို ဒေသတွင်းမှာ တိုက်ပွဲပြင်းထန်နေပါတယ်။
၁၈ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီနေ့ မတ်လ ၄ ရက်နေ့ တနင်္လာနေ့ အခု အသံလွှင့်ပြီး နာရီပိုင်းအကြာ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကျင်းပမှာ ဖြစ်ပြီး သမ္မတကတော် Jill Biden နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ဆုတွေကိုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်၃ဖွဲ့နဲ့ စစ်ကောင်စီကြား တရုတ်အကူအညီနဲ့ ဆွေးနွေးမှုတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အရေး ပါဝင်မှုမရှိဘူးလို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ AA ဒုတိယစစ်ဦးစီးချုပ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်