ရခိုင် စစ်တွေမှာ ရိုဟင်ဂျာတွေကို စစ်ကောင်စီက စစ်သင်တန်းတွေပေးနေကြောင်း ဒေသခံရိုဟင်ဂျာတွေက အတည်ပြုပြောကြားပါတယ်။ ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက လိုသလို အသုံးချနေတဲ့ အခြေအနေဟာ အန္တရာယ်ကြီးမားကြောင်း NUG လူ့အခွင့်အရေး ဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ကို သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော်က AA က ကြေညာလိုက်ပြီးနောက် စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ AA အဖွဲ့ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် တချို့မှာလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲအတွင်း လွှတ်တော်နေရာ အများစု အနိုင်ရထားတဲ့၊ ပြုပြင် ပြောင်းလဲရေး လိုလားတဲ့ Move Forward ပါတီ ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးကို တောင်းဆိုမယ်လို့ ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
မြဝတီမြို့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ဖလူးတပ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေက မတ်လ ၁၁ ရက်၊ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ဒေသခံကျေးရွာသားတွေ ထောင်နဲ့ချီပြီး သောင်ရင်းမြစ်အနီးကသဲသောင်တွေထိ ထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။
ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထွက်က အကြဲရွာမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား ထိတွေ့တိုက်ပွဲ တကြိမ်ဖြစ်ခဲ့ပြီး တနင်္လာနေ့ မနက်က ဖားကန့်မြို့နယ်က ကသိုဏ်းတောင်စခန်းကိုလည်း ထပ်မံ သိမ်းယူလိုက်ကြောင်း KIA ဘက်က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၁၈ဝ ထက်မနည်းနယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲခိုလှုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကသတင်းတွေမှာဖော်ပြထားပါတယ်။ ဒီလူတွေနဲ့ပတ်သတ်လို့ အမြန်ဆုံးပြန်ပို့ဖို့ စီစဉ်နေတယ်လို့လည်းပြောပါတယ်။
တရုတ် ကားထုတ်လုပ်ရေး Geely စီးပွားရေးလုပ်ငန်းစုပိုင် Zeekr လျှပ်စစ်ကား ကုမ္ပဏီက မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လုပ်ငန်းခွဲတခု တည်ထောင်ပြီး မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေကို လျှပ်စစ်ကားတွေ ဖြန့်ဖြူး ရောင်းချဖို့ ပြင်နေပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကျောက်စိမ်းကုမ္ပဏီတခုရဲ့ လုပ်ကွက်ကျင်းထဲကို အနီးနားက နွံကန်ပြိုကျခဲ့ရာက မွန်းလွဲပိုင်းအထိ သေဆုံးသူ အနည်းဆုံး အလောင်း ၂ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီနေ့အစောပိုင်း မြေပြိုမှုမှာ ၃၀ လောက် ပျောက်ဆုံးနေတယ်လို့လည်း ပြောပါတယ်။
တရုတ်-မြန်မာ အကျိုးစီးပွားကို ခြိမ်းခြောက်နေတာဟာ အာဏာသိမ်း စစ်ကောင်စီသာဖြစ်ပြီး နှစ်နိုင်ငံအကျိုးစီးပွားကာကွယ်တဲ့ ပြည်သူ့အစိုးရဖြစ်လာရေး တရုတ်အနေနဲ့ ပံ့ပိုးကူညီဖို့ NUG အစိုးရက တိုက်တွန်းလိုက်ပါတယ်။
"သင်္ကန်းညီနောင်တိုက်ပွဲအခြေအနေတွေကြောင့် နောက်ဆက်တွဲအဖြစ် မြဝတီခရိုင်ထဲက အနီးအနားရွာတွေကနေ စစ်ဘေးရှောင်လာကြတယ်။ ဒီနေ့ဆိုရင် သောင်ရင်းမြစ်ကမ်းနဖူးနားကို လူအင်အား အိမ်ထောင်စုပေါင်း ၁၁၀ ကျော် လူ ၄၀၀ လောက် ဒီနေ့မှာပဲ စစ်ရှောင်လာကြပါတယ်။" (စစ်ဘေးရှောင်တွေကို ကူညီသူ)
ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉ ဦး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ သေကျေဒဏ်ရာရတာတွေ ရှိနေပါတယ်။ ပြည်နယ်မြို့တော် စစ်တွေမှာ ဆိုရင်လည်း အရပ်သား ၅ ဦးထက်မနည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်