ဒီနေ့ မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်တာနဲ့အတူ ကုလသမဂ္ဂက ဒီနှစ် ၂၀၂၄ ခုနှစ်မှာ “တိုးတက်မှုတွေ မြန်ဆန်ဖို့ အမျိုးသမီးများထံ ရင်းနှီးမြှပ်နှံကြစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ အမျိုးသမီးတွေရဲ့ ဆောင်ရွက်နိုင်စွမ်းကို ဂုဏ်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ လူသားချင်းစာနာတဲ့အကူအညီ လိုအပ်နေသူတွေအတွက် နောက်ထပ်အကူအညီပေးသွားမယ်လို့ ဂျပန်အစိုးရက ဒီနေ့ ကြေညာပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင် ကျေးရွာအုပ်စုမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၅၅ နဲ့ အနီးတဝိုက်မှာ KNLA-PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ မနေ့က မတ်လ ၇ ရက်ကစပြီး တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျောက်မှာ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ၂ ရက်တာတိုက်ပွဲအတွင်း KIA က စခန်းကြီး ၄ ခုလောက် အပါအဝင် စခန်းပေါင်း ၁၀ ခုကျော်လောက် သိမ်းယူခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ့အရေး ထိုင်းတာဝန်ရှိသူတွေနဲ့ မကြာသေးခင်က သွားရောက် ဆွေးနွေးခဲ့တဲ့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမြဲတမ်းအတွင်းဝန် Daneil Kritenbrink က မြန်မာဘက်ကနေ ထွက်ပြေးခိုလှုံလာသူတွေကို ကူညီစောင့်ရှောက်တဲ့ ထိုင်းကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဆိုတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၅၅ ကို မတ်လ ၇ ရက်နေ့ မနက်ကစပြီး KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ဖို့လုပ်ရင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AAအဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ တနေ့ထက်တနေ့ များပြားလာနေပြီး စားဝတ်နေ ရေးအပြင် ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကပြောကြားခဲ့ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်အတွင်း မြစ်ကြီးနား - ဗန်းမော် လမ်းတလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ဒီကနေ့မနက် အစောပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဝင်လာတာက Tesla ပေါ့။ Tesla လည်း ဒီလိုပဲ အာမခံချက်မရှိဘူး။ သွင်းလာတယ်၊ ကိုယ့်ဖာကိုယ် ပြင်ရင်ပြင်။ အခုနောက်ပိုင်းမှာတော့ EV တွေက ကုမ္ပဏီတွေက အာမခံတယ်။ ထားပါတော့၊ ရှစ်နှစ်တို့ဘာတို့ ပေးလာတယ်။ ဘက်ထရီတွေ၊ မော်တာတွေပေးလာတဲ့အတွက် ဒီမှာက အရောင်းအဝယ် ဖြစ်လာတာပေါ့။" (ကိုသန့်ဇင်-EV ကားရောင်းသူ)
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲက Kamjong ခရိုင်ထဲမှာ မြန်မာပြည်က ထွက်ပြေးလာတဲ့ စစ်ဘေးသင့်ဒုက္ခသည်တွေကို စီးပွားလုပ်ငန်းလုပ်ကိုင်တာ ဒါမှမဟုတ် အလုပ်သမားအဖြစ် အလုပ်လုပ်တာတွေကို တားမြစ် ကြောင်း ဒေသတရားသူကြီးက သတိပေးချက် ထုတ်ပြန်လိုက်တယ်လို့ အိန္ဒိယသတင်းတွေမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြပါတယ်။
“အရင် ပြီးခဲ့တဲ့အစိုးရကတော့ ဘာပြောပြော - ထိုင်းမှာ စစ်အာဏာသိမ်းပြီးတော့ တက်လာတဲ့အစိုးရဖြစ်တယ်။ အခုအစိုးရကတော့ ရွေးကောက်ခံပြီးတော့မှ အရွေးချယ်ခံပြီးတက်လာတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ ပြည်သူ့အသံပေါ့- ပိုပြီးနားထောင်လာတယ်လို့တော့ နားလည်ပါတယ်။” (သံအမတ်ကြီး-ကျော်မိုးထွန်း)
နောက်ထပ်ကြည့်ရှုရန်