ကလေးငယ် ၁,၄၀၀ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည် ၁၂,၀၀၀ လောက် ဖမ်းဆီးခံထားရပြီး၊ ထိန်းသိမ်းထားတဲ့ နေရာဟာလည်း စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်လောက်တဲ့ အခြေအနေအထိ ဆိုးရွားနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Human Rights Watch က ဒီကနေ့ပဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းနဲ့ ဒီအကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်ဆိုင်းပေးဖို့ အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေ နဲ့ ဩစတြေးလျ နိုင်ငံအကြား ၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲအပြီး မတ်လ ၆ ရက်၊ ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
ရှေ့လာမဲ့ကာလမှာ စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ လူထုအလုံးစုံ လွတ်မြောက်ရေးအတွက် တောင်တန်း၊ မြေပြန့် ဒေသ အသီးသီးက အင်အားစုတွေနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မတ်လ ၅ ရက်၊ အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဒုပါမောက္ခချုပ် အပါအဝင် ၅ဦးကို မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂နှစ်နဲ့ ငွေဒဏ် ကိုးသိန်း ချမှတ်လိုက်တဲ့အကြောင်း ကရင်နီပြည်နယ် တရားသူကြီးချုပ် ခူးပိုးရယ်က ဗွီအိုအေကို ဒီကနေ့ ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီဒေသ၊ ဖားဆောင်းမြို့ မှာ အခုချိန်ထိ ကြိုကြားကြိုကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာ စောင့်ကြည့်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။
ဒီကနေ့မှာလည်း ရခိုင်ပြည်နယ်က တောင်ကုတ်၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ထိုင်းနိုင်ငံထဲမှာ အထောက်အထားမဲ့ နေထိုင်နေတဲ့မြန်မာအလုပ်သမားတွေအတွက် ထိုင်းအစိုးရက တရားဝင်နေထိုင်ခွင့်အလုပ်သမားကဒ်ထုတ်ပေးသလို မြန်မာအစိုးရကလည်း အထောက်အထားလက်မှတ် (CI) စာအုပ်တွေထုတ် ပေးလိုက်ပါတယ်။
အထောက်ထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုနေရပ်ပြန်ပို့တဲ့ မလေးရှားအစိုးရရဲ့ စီစဉ်နောက်ဆုံးရက်ဖြစ်တဲ့ အခုနှစ် မေလကုန်ကစပြီး ပြည်ပအလုပ်သမားတွေကို ပြည်ဝင်ခွင့်ဗီဇာမပေးတော့ဘူးလို့ မလေးရှားအစိုးရက မေလဆန်းမှာ ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံ၊ နမ္မတူ၊ နမ့်ဆန်-သုံးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၄ ရက်နေ့မှာ ကြေညာလိုက်တာကြောင့် စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်လာတဲ့ အခုကာလအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၆၀ ကျော်လာပါပြီ။
လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကာကွယ်ရေးဝန်ကြီး အစည်းအဝေးကို မြန်မာကိုယ်စားလှယ် တက်ရောက်နေပါတယ်။
တနင်္သာရီတိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေကြရသူတွေ နှစ်ချီကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အပါအဝင် အခြေခံလိုအပ်ချက်တွေလည်း တိုးလာနေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
“ မနက်တုန်းကတော့ ပစ်တယ်။ အခုတော့ ပြန်ငြိမ်သွားပြီ။ မနေ့ကလည်း ပစ်တာပဲ။ မနေ့ကတော့ တော်တော်ကြမ်းတယ်။ ဆိုက်ခေါင်ကနေ ဆီဆိုင်ဘက်ကို အမြှောက် တောက်လျှောက် ထုတာပဲ။ နောက်ပြီး ဘန်းယဉ်၊ ဘန်းယဉ်အရှေ့ဘက် ထမ်ယမ်းမှာလည်း ပစ်သွားတယ်။ ၃ချက်လား၊ ၄ချက်လားမသိဘူး။ ရွာထဲကို ကျသွားတယ်။ "
နောက်ထပ်ကြည့်ရှုရန်