မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ ပဋိပက္ခကို ဖြေရှင်းရာမှာ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့နဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကို တရားဝင် အသိအမှတ်ပြုဖို့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဩစတြေးလျနိုင်ငံကို မြန်မာ့အရေးလှုပ်ရှားသူတွေ ဒီနေ့ တောင်းဆိုကြပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်း မနေ့က ထွက်သွားပြီးတဲ့နောက် ခန္ဓာကိုယ်ကို ဖျက်ဆီးထားတဲ့ အလောင်း အနည်းဆုံး ၁၁ လောင်း တွေ့ရတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။
မံစီမြို့နယ် မဂျီဂုံရွာရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို KIA က သိမ်းယူလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့သလို ဒေသတွင်းမှာ တိုက်ပွဲပြင်းထန်နေပါတယ်။
၁၈ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီနေ့ မတ်လ ၄ ရက်နေ့ တနင်္လာနေ့ အခု အသံလွှင့်ပြီး နာရီပိုင်းအကြာ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကျင်းပမှာ ဖြစ်ပြီး သမ္မတကတော် Jill Biden နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ဆုတွေကိုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်၃ဖွဲ့နဲ့ စစ်ကောင်စီကြား တရုတ်အကူအညီနဲ့ ဆွေးနွေးမှုတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အရေး ပါဝင်မှုမရှိဘူးလို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ AA ဒုတိယစစ်ဦးစီးချုပ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်ဖို့ မွန်ပြည်သစ်ပါတီက ခွဲထွက်ခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အဖွဲ့က ဒေသခံ ပြည်သူ့စစ်တချို့ကို မကြာသေးခင်ကစ ဖမ်းဆီးတာ၊ လက်နက်သိမ်းတာတွေ လုပ်နေကြောင်း အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရှမ်းမြောက်ဒေသ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတာဝန်ရှိသူတွေ မတ်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ တရုတ်နိုင်ငံတွင်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းအရတော့ အပစ်အခတ်ရပ်စဲရေးအသေးစိတ်တွေနဲ့ နှစ်ဘက်ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် Kanchanaburi ခရိုင်မှာ ကုန်တင်ကားနဲ့ တရားမဝင် သယ်ဆောင်လာတဲ့ မြန်မာ ၉၄ ယောက်ကို ထောင်ပါပွန်း မြို့နယ် ထခွမ် ရဲစစ်ဆေးရေး ရဲတပ်ဖွဲ့က မတ်လ ၃ ရက် နေ့မနက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း ကန်ချနဘူရီ ရဲတပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံနယ်စပ်က အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်ငန်းတွေမှာ ပိတ်မိနေခဲ့ကြတဲ့ တရုတ်နိုင်ငံသားတွေထဲက ၉၀၀ လောက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တရုတ်နိုင်ငံကို လွှဲပြောင်းရာမှာ ကူညီပေးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ရုရှား-အာဆီယံ ဆက်ဆံရေးဆိုင်ညှိနှိုင်းရေးမှူးအဖြစ် အလှည့်ကျ ဘရူးနိုင်း အစား မြန်မာနိုင်ငံကို အာဆီယံက ပြောင်းလဲ ခန့်အပ်လိုက်တာကို ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ Justice For Myanmar (JFM) အဖွဲ့ က ၀ေဖန်ကန့်ကွက်လိုက်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ငွေကြေးဖောင်းပွမှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ လိုအပ်နေသူ ၁၈ သန်းခွဲကျော် ရှိနေတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။
အထင်အရ ထိုင်းလွှတ်တော်အမတ်တွေဦးဆောင်ပြီး မြန်မာ့အရေးအဖြေရှာတဲ့ ဆွေးနွေးပွဲကို ထိုင်းလွှတ်တော်မှာ ၂ရက်တာကျင်းပပါတယ်။ NUG ခေါင်းဆောင်တွေ၊ မြန်မာ့အရေး ဦးဆောင်လှုပ်ရှားသူတွေကိုဖိတ်ပြီး ခုလို ဆွေးနွေးတဲ့အပေါ် အင်မတန်အားတက်မိတယ်လို့ ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ မခင်ဖြူထွေး မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်