သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မမှူး ကျဆုံး (KIA)


ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ကြောင်း KIA ကြေညာ (မတ် ၁၁၊ ၂၀၂၄)
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ကြောင်း KIA ကြေညာ (မတ် ၁၁၊ ၂၀၂၄)

ကချင်ပြည်နယ် မိုးမောက်-လွယ်ဂျယ်ကားလမ်း တလျောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIA နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်တိုက်ခိုက်နေရာမှာ မနေ့ စနေနေ့က စစ်ကောင်စီ တပ်စခန်း နောက်ထပ် ၃ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၂၉ ရက်နေ့က တပ်စခန်းတွေကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲအတွင်း တပ်မ (၈၈) တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပြီး ဗန်းမော်ဆေးရုံမှာ ကျဆုံးသွားပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘိုက ဗွီအိုအေကို အခုလို ပြောပါတယ်။

"၂၉ ရက်မှာ မနောင်နဲ့ နောင်အေဆိုတဲ့ နေရာကြားမှာ KIA နဲ့ တိုက်ပွဲဖြစ်တယ်၊ အဲဒီနေရာမှာ ဒဏ်ရာရပြီးမှ ဗန်းမော်ဘက်ကို ဆေးရုံတင်ဖို့ ခေါ်သွားတယ်လို့ ကြားရပါတယ်။ ၃၀ ရက်နေ့မှာတော့ အဲဒီ ဗန်းမော်မှာပဲ ဆုံးသွားတယ်ဆိုတဲ့ သတင်းကိုတော့ ကျနော်တို့ ကြားသိရပါတယ်။"

စစ်ကောင်စီဘက်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပေမဲ့ အခုသတင်းကြေညာချိန်ထိ တုံ့ပြန်ချက်မရသေးပါဘူး။

လက်ရှိ မိုးမောက်မြို့ ပတ်၀န်းကျင်တ၀ိုက်မှာ တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေတယ်လို့ ကချင်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားပြီး စစ်ရေးအရ တင်းမာနေပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသလို မိုင်းနင်းမိတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေကြောင်း ကချင်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

Forum

XS
SM
MD
LG