လူသားချင်းစာနာမှု အကြပ်အတည်းနဲ့ ပဋိပက္ခတွေအကြား မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း မွတ်ဆလင်တွေ ဒီနှစ် ဥပုသ်လ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်း ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က မနေ့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် ရွပ်ရွပ်ချွန်ချွန် ကြိုးစားဆောင်ရွက်နေကြတဲ့ K3C လို့ခေါ်တဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့နဲ့ မနေ့ မတ်လ ၂၈ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က အရင် Twitter လို့ခေါ်တဲ့ X လူမှုကွန်ရက်မှာ ရေးပါတယ်။
အမေရိကန်ကာကွယ်ရေး အသုံးစရိတ် NDAA အောက်မှာ Burma Act ဥပဒေအရ မြန်မာ့ဒီမိုကရေစီရေးအတွက် အထောက်အပံ့ပေးမယ့် အစီအစဉ်ဟာ ဒီမိုကရေစီရေးလို့ အကြောင်းပြတာဖြစ်တယ်လို့ ဗွီအိုအေရဲ့ အမေးကို စစ်ကောင်စီက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီခရိုင်၊ ထောင်ပါပွန်း မြိုနယ်အတွင်းမှာ မတ်လ ၂၈ရက် မနေ့က ကင်းစခမ်းကို ဖြတ်ကျော် မောင်းပြေးတဲ့ ကားငါးစီးကို ရဲတပ်ဖွဲက လိုက်လံဖမ်းဆီးရာမှာ မြန်မာနိုင်ငံသား ၈၀ ကျော် ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကချင်ပြည်နယ်အရှေ့ပိုင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုံတည်ရှိရာ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ် KIA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းရံ ထိန်းချုပ်လိုက်ပြီး လွယ်ဂျယ်အခြေစိုက် စစ်ကောင်စီတပ်ကို အပစ်အခတ်မရှိဘဲ ထွက်သွားဖို့အတွက် ညှိနှိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ လောင်းကစားလုပ်ငန်းပေါင်း ၆၀ နီးပါးကို စစ်ကောင်စီတပ်နဲ့ တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သုံးရက်ကြာ ဖမ်းဆီးခဲ့တာမှာ လူပေါင်း ၃၀၀ နီးပါးဖမ်းဆီးမိထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
“အခုလက်ရှိက သူတို့တိုက်ပွဲဖြစ်ကတည်းက အပြင်ကလူတွေကို ပေးမဝင်ဘူးလေ၊ သူတို့ပဲ စောင့်ရှောက်ထားတာရှိတယ်။ အဲဒီထဲကနေ ပစ္စည်းတွေပျောက်တယ်ဆိုတော့ အဲဒါကိုပဲ ပြည်သူတွေက သံသယဖြစ်နေကြတာ။ ULA/AAနဲ့ ပတ်သက်တဲ့လူတချို့နဲ့ ပတ်သက်မှုရှိနိုင် တယ်ဆိုပြီး သံသယဝင်နေကြတယ်။" (ဒေသခံ)
"သူတို့တောက်လျှောက်ပစ်ခတ်နေတော့ ဘယ်သူမှ မီးဝင်မငြှိမ်းရဲဘူးလေ။ ....မီးလည်းငြှိမ်းသတ်လို့မရဘူးဆိုတော့ တရွာလုံး ပြာကျသွားနိုင်တယ်။ ရွာခံတွေကတော့ ရှောင်တဲ့လူက ရှောင်တယ်၊ တချို့က ရွာမှာကျန်ရှိနေသေးတယ်။ ဒါပေမယ့် မီငြှိမ်းသတ်ဖို့က ငြှိမ်းသတ်လို့မရဘူးလေ။ အနီးအနားရွာမှာလည်း လက်နက်ကြီးကျတာ ရှိတယ်။”(ရွာခံ)
မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရအပေါ် ပစ်မှတ်ထားအရေးယူပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးတဲ့ Burmese Freedom and Democracy Act of 2003 ဒဏ်ခတ်ဥပဒေကို တောက်လျှောက် အထက်လွှတ်တော်မှာ ထောက်ခံအတည်ပြုခဲ့တဲ့ လွှတ်တော်အမတ်တယောက်လည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်တပ် တပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို မဟာမိတ် ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ ခင်ဦးမြို့နယ်ထဲမှာလည်း စစ်တပ် နယ်မြေရှင်းလင်းရေးအတွင်း နေအိမ်တွေမီးရှို့ခံရပြီး အရပ်သားတွေ သတ်ဖြတ်ခံရတာတွေ ရှိနေပါတယ်။
မြန်မာစစ်တပ် နဲ့ ရုရှားတပ်တွေကြားမှာ အခု ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရပူးပေါင်းဆောင်ရွက်မှု ၅၀ ကျော် လုပ်ဖို့ စီစဉ်ထားတယ်လို့ ရုရှားစစ်တပ်ကို ကိုးကားပြီး ရုရှားအစိုးရပိုင် RIA Novosti သတင်းက ဖော်ပြလိုက်ပါတယ်။
လူကုန်ကူးမှု၊ အွန်လိုင်းရာဇဝတ်မှုတွေမှာ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံတွေက အဓိကပါဝင်နေပြီး အရပ်ဘက်အဖွဲ့တချို့ကတော့ မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ အလုပ်လက်မဲ့ပြဿနာတွေကို အဓိက အကြောင်းအရင်းအဖြစ် ထောက်ပြနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်