မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရအပေါ် ပစ်မှတ်ထားအရေးယူပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးတဲ့ Burmese Freedom and Democracy Act of 2003 ဒဏ်ခတ်ဥပဒေကို တောက်လျှောက် အထက်လွှတ်တော်မှာ ထောက်ခံအတည်ပြုခဲ့တဲ့ လွှတ်တော်အမတ်တယောက်လည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်တပ် တပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို မဟာမိတ် ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ ခင်ဦးမြို့နယ်ထဲမှာလည်း စစ်တပ် နယ်မြေရှင်းလင်းရေးအတွင်း နေအိမ်တွေမီးရှို့ခံရပြီး အရပ်သားတွေ သတ်ဖြတ်ခံရတာတွေ ရှိနေပါတယ်။
မြန်မာစစ်တပ် နဲ့ ရုရှားတပ်တွေကြားမှာ အခု ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရပူးပေါင်းဆောင်ရွက်မှု ၅၀ ကျော် လုပ်ဖို့ စီစဉ်ထားတယ်လို့ ရုရှားစစ်တပ်ကို ကိုးကားပြီး ရုရှားအစိုးရပိုင် RIA Novosti သတင်းက ဖော်ပြလိုက်ပါတယ်။
လူကုန်ကူးမှု၊ အွန်လိုင်းရာဇဝတ်မှုတွေမှာ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံတွေက အဓိကပါဝင်နေပြီး အရပ်ဘက်အဖွဲ့တချို့ကတော့ မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ အလုပ်လက်မဲ့ပြဿနာတွေကို အဓိက အကြောင်းအရင်းအဖြစ် ထောက်ပြနေပါတယ်။
ထိုင်းနိုင်ငံ လော့ဘူရီ (Lop Buri) ခရိုင် ဘန်မိုအရပ် ဝပ်အဝမ်စရုံဘုန်းကြီးကျောင်းကနေ မတ်လအစောပိုင်းကတည်းက ခေါ်ဆောင်သွားခဲ့တဲ့ အသက် ၅ နှစ်ကနေ ၁၇ ကြား အထောက်အထားမဲ့ မြန်မာကလေး ၁၉ ဦးကို နေရပ်ပြန်မပို့ပါဘူး-လို ထိုင်း လူသားလုံခြုံရေးဝန်ကြီးက ပြောလိုက်ပါတယ်။
NUG ၊ NUCC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် မြန်မာ့ဒီမိုကရေစီရေးကို ကူညီမည့် BURMA ACT ကို NDAA ရဲ့နောက်ဆက်တွဲအဖြစ်အမေရိကန်လွှတ်တော်မှာ ၂၀၂၃ က ပြဌာန်းပြီးနောက် ၂၀၂၄ အတွက် မြန်မာဆိုင်ရာ ဘတ်ဂျက်ငွေကို ဒေါ်လာ ၁၂၁ သန်းထက်မနည်းသုံးစွဲဖို့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ အမေရိကန်က သတ်မှတ်လိုက်ပါတယ်။
"ပထမဦးဆုံးအသုတ်ဖွင့်တဲ့နေရာမှာ သူတို့ကိုယ်တိုင်ဆန္ဒပြုတဲ့သူတွေပဲ တက်လိမ့်မယ်။ လူဦးရေ ဘယ်လောက် ရှိလဲ၊ ဘယ်လောက်တက်ကြွလဲဆိုတာ ကျနော်လက်တွေ့ပြမယ်။" (ဗိုလ်ချုပ်ဇော်မင်းထွန်း- စစ်ကောင်စီပြောခွင့်ရ)
၂၀၁၇ လူမျိုးတုံးသတ်ဖြတ်တဲ့အထိဖြစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ ရခိုင်မြောက်ပိုင်းက နယ်မြေရှင်းလင်းရေးမတိုင်ခင်ကတည်းက ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေဖြန့်ချိနေပြီး Facebook လူမှုကွန်ရက် ဒါဇင်နဲ့ချီရဲ့နောက်ကွယ်မှာ မြန်မာစစ်တပ်ရှိနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့လည်း CRPH, NUG, PDF နဲ့ NLD အစွန်းရောက်များရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက် ခံမှု မပြုလုပ်သင့်သလို ပညာရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆန့်ကျင်ရှုတ်ချဖို့လိုအပ်ကြောင်း ပြောကြားလိုတယ်။” (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)
“VOA လာကူညီပါအုံး အစ်မရေ။ ဒီမှာ မီးတွေ အသေလောင်ကျွမ်းနေတယ်၊ မီးလောင်တာ ရွာတဝက်လောက် ကုန်နေပြီ။ လာကူကြအုံး။ မီးတွေလောင်ကျွမ်းနေတုန်း မငြိမ်သေးဘူး။ လက်နက်ကြီးကျတာ၊ လေယာဉ်ဗုံးကြဲတာလာမသိဘူး မမြင်ရဘူး ဒုန်း…ဆိုပြီး ပေါက်ကွဲတာ။ မီးသတ်ကားလည်း သူတို့ လာခွင့်မပြုဘူး။" (ဓမ္မသရွာခံ)
အိန္ဒိယ မြန်မာနယ်စပ်တလျောက် နှစ်နိုင်ငံ ဆက်စပ်နေတဲ့ ကီလိုမီတာ ၁၆၀၀ ကျော် မိုင် အားဖြင့် တထောင်နီးပါးကို ဆယ်နှစ်အတွင်း ခြံစည်းရိုး ကာဖို့ အိန္ဒိယနိုင်ငံက ဒေါ်လာ ဘီလျံ ၃ ဒသမ ၇ ဘီလျံ သုံးစွဲမယ့်အကြောင်း ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။
ရိုဟင်ဂျာတွေ အပေါ် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို အပြစ်ပေးအရေးယူဖို့ မြန်မာအာဏာပိုင်တွေ ပျက်ကွက်ခဲ့ကြောင်း IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ အစီရင်ခံစာမှာ အတိအကျ ဖေါ်ပြလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်