ကချင်ပြည်နယ်က ဝိုင်းမော်၊ မိုးမောက်၊ ဆွမ်ပရာဘွမ်၊ဖားကန့်၊ တနိုင်း စတဲ့မြို့နယ်အတော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ နမ္မတီးမြို့နယ်က လမ်းခွကျေးရွာရှိ ကချင်နှစ်ခြင်းအသင်းတော်က ဓမ္မဆရာ တဦးကို အမည်မသိ လက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တာပါ။
မြန်မာပဋိပက္ခကို ဖြေရှင်းဖို့အတွက် အချက် ၄ ချက်ပါတဲ့ အကြံပြုချက်ကို ထိုင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက အဆိုပြုတင်သွင်းလိုက်ပါတယ်။ မြန်မာပဋိပက္ခကိုတုံ့ပြန်နိုင်မဲ့ အစီအစဉ်တွေချမှတ်ထားဖို့အပါအဝင် တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေက ဝိုင်းဝန်းဖြေရှင်းပေးကြဖို့လည်း ကော်မတီက အကြံပြုထားတာပါ။
တိုက်ပွဲကြောင့် လနဲ့ချီ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ခံတွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ စစ်ပြေးဒုက္ခသည်အများစုဟာ သူတို့စစ်ဘေးရှောင်တဲ့ဒေသတွေမှာ ရရာအလုပ်လုပ်ကိုင်ရင်း စားဝတ်နေရေး ဖြေရှင်းရုန်းကန်နေကြရတာပါ။
မြန်မာသင်္ဘောသားအများစု လိုက်ပါသွားတဲ့ ဘူဂေးရီးယားကုန်တင်သင်္ဘောကို ဆိုမာလီပင်လယ်ဓားပြတွေလက်က ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အိန္ဒိယရေတပ်က ပြောပါတယ်။ Maltese မှတ်ပုံတင် MV Ruen ကုန်တင်သင်္ဘောကို ပြန်ပေးဆွဲသွားတာ ၃ လအကြာ အိန္ဒိယကမ်းလွန်ရေပြင်မှာ ပြန်လည်သိမ်းပိုက်ပြီး သင်္ဘောသားတွေကို ကယ်တင်ခဲ့တာပါ။
အာဏာသိမ်း စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြောင်း နယ်သာလန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေက ပေါင်းစုပြီး အမ်စတာဒမ်မြို့တော်မှာ စနေနေ့က ကန့်ကွက်ခဲ့ကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြောင်း နယ်သာလန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေက ပေါင်းစုပြီး အမ်စတာဒမ်မြို့တော်မှာ စနေနေ့က ကန့်ကွက်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်တွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်တဲ့ ဥပဒေဖြစ်လို့ ကန့်ကွက်ရကြောင်း ဆန္ဒပြသူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံက ဆိုးရွားပြင်းထန်လာနေတဲ့ အခြေအနေတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မဖြစ်မနေ တုံ့ပြန် အရေးယူရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၁၅ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်းထဲက ရွှေဆိုင်တွေ၊ ပြင်ပရွှေအရောင်းအဝယ် လုပ်နေကြသူတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ပေးတဲ့ ဈေးအတိုင်း အရောင်းအဝယ် မလုပ်နိုင်ရင် မရောင်းဖို့ သတိပေးလိုက်ပါတယ်။
"ရသေ့တောင်ကလည်း ကျလုနီးပါးဖြစ်နေပြီလို့ သိရတယ်။ စစ်ကောင်စီဘက်တော့ ရသေ့တောင်ကို လေကြောင်းကရော ရေကြောင်းကပါ ကာကွယ်နေတယ်။ ဒါပေမယ့် ရသေ့တောင်ကို သိမ်းလုနီးပါး ဖြစ်နေပြီလို့ AA တပ်တော်က တာဝန်ရှိသူတဦး ကျနော်တို့ကို ပြောပါတယ်။" (ဦးခိုင်မြတ်ကျော် − အယ်ဒီတာချုပ် ၊ နိရဉ္စရာ သတင်းဌာန)
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အခြေနေဟာ အတိမ်းအစောင်းမခံ ဖြစ်နေတဲ့အတွက် စိုးရိမ်ရဆဲ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရ ရန်ဒါဂျာအစ္စဝါလ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံး ဒေသတွေမှာ စစ်ရေးပဋိပက္ခတွေက ဒီနေ့အထိ လျော့ကျမသွားပဲ ပိုမိုပြင်းထန်လာနေပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆီဆိုင်မြို့နယ် ကျေးရွာတရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်