မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေကျရင် ထိုင်းလွှတ်တော်မှာဆွေးနွေးမယ့် မြန်မာ့အရေးဆွေးနွေးပွဲကနေ လူ့အခွင့်အရေးဆိုးဆိုးဝါးဝါးချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူနိုင်မယ့်ကိစ္စတွေ ဆွေးနွေးမယ်လို့ မျှော်လင့်ကြောင်း Fortify Rights အဖွဲ့အမှုဆောင်အရာရှိချုပ် Matthew Smith ကပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ ပညာတော်သင်ဆု မိတ်ဆက် အခမ်းအနားမှာ Diversity and Inclusion Scholarship မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသော ပညာတော်သင်ဆု အစီအစဥ်အရ မြန်မာနိုင်ငံက ကျောင်းသား ၁၀၀၀ ကျော်အနေနဲ့ ပညာတော်သင်ဆု လက်ခံရရှိမှာပါ။
အာဆီယံခေါင်းဆောင်တွေနဲ့ ဩစတြေးလျအစိုးရတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ တခြား ဒေသတွင်း ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းကြဖို့ လိုအပ်ကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
ပဲခူးရိုးမထဲက ကျွန်းသစ်တွေဟာ တရက်ကို ကုန်ကားအစီးရေ ၁၀၀ ကျော်လောက် ခုတ်လှဲခံနေရကြောင်း ပဲခူးတိုင်းထဲက ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ သစ်ခိုးထုတ်သူတွေဟာ ကားကြီး၊ ကားငယ်တွေနဲ့ နေ့တိုင်းသယ်ယူနေပြီး မြဝတီနယ်စပ်ကတဆင့် ပြည်ပကိုရောင်းချနေတယ်လို့ ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းကလည်း စစ်တွေမြို့မှာ စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁ ဒါဇင်ထက်မနည်း သေဆုံးပြီး ၃ဝကျော်ဒဏ်ရာရရှိခဲ့တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။
မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်လေယာဉ်တစင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူးတွေကတော့ အသက်မသေ လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေရာမှာလည်း လုံခြုံရေးတွေ နေရာယူထားတယ်လို့ ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် နယ်စပ်စည်းရိုးခတ်မယ့် အိန္ဒိယဗဟိုအစိုးရရဲ့ အစီအစဥ်ကို ကန့်ကွက်ကြောင်း မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်ရဲ့ လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က မဲခွဲအတည်ပြုခဲ့ကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြကြပါတယ်။
မြန်မာ့အရေးတွေမှာ တက်တက်ကြွကြွနဲ့လုပ်ဆောင်ခဲ့သူတဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell က သူ ခေါင်းဆောင်နေရာကနေ နုတ်ထွက်တော့မယ့် လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ဖေဖော်ဝါရီ ၂၇ ရက်ကကျင်းပတဲ့ ၆ ကြိမ်မြောက် အမေရိကန်-စင်္ကာပူ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆွေးနွေးပွဲမှာ အာဆီယံ ဘုံ-သဘောတူညီမှုငါးရပ် အကောင်အထည်ဖော်ဖို့ ထပ်လောင်းတောင်းဆိုတာအပါအဝင် မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သူ့အမျိုးသားအတွက် သေမင်းကိုသစ္စာနှံသည်-လို့ရေးကြတာ။ အဲဒီတုန်းက ရေးကြတာပါ။ တကယ်တော့ ရိုးရိုးပြောရရင်တော့ သူရဲ့ယုံကြည်ချက်ပေါ့။ သူကအပြုတ်ချမယ်လေ။ လက်နက်ပဲလိုတော့တယ်လေ။ သူကလေယာဉ်ကိုဆွဲသွားတာက ပစ္စည်း (လက်နက်)သယ်ဖို့လေ။"(ကရင်အမျိုးသားအစည်းအရုံးရဲ့ခေါင်းဆောင်ဟောင်း ဗိုလ်မှူးစိုးစိုး)
မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ထိုင်းလွှတ်တော်မှာပြုလုပ်မယ့် “မြန်မာနဲ့ မြန်မာရဲ့ ထိုင်းနယ်စပ်အပေါ် လုံခြုံရေးအရ သက်ရောက်မှု” ခေါင်းစဉ်နဲ့ဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပါအဝင် ထိုင်းအစိုးရအဖွဲ့အရေးပါသူတွေနဲ့အတူ တက်ရောက်ဖို့ မြန်မာဒီမိုကရေစီအင်အားစုတွေကိုပါ ထူးထူးခြားခြား ဖိတ်ကြားထားပါတယ်။
"စာရင်းကောက်တာတပတ်လောက်ရှိပြီ။ လူငယ်တွေကို နိုင်ငံတော်က ပြဌာန်းထားတဲ့ဥပဒေအတိုင်း ထမ်းရမယ်လို့ပြောတယ်။ စစ်တွေမှာ မြေပြင်သတင်း အရ ၄၀၀ စုရတယ်။ ဘူးသီးတောင်မှာလည်း ၄၀၀ကျော်စုလို့ရတယ်။ ကျောက်ဖြူ ကျောက်တလုံးစခန်းမှာ ပထမ ၁၆၀ ၊ ခု ၁၈၀ ရှိပြီပြောတယ်။" (ရိုဟင်ဂျာအရေး ဆောင်ရွက်သူ)
နောက်ထပ်ကြည့်ရှုရန်