အိန္ဒိယ မြန်မာနယ်စပ်တလျောက် နှစ်နိုင်ငံ ဆက်စပ်နေတဲ့ ကီလိုမီတာ ၁၆၀၀ ကျော် မိုင် အားဖြင့် တထောင်နီးပါးကို ဆယ်နှစ်အတွင်း ခြံစည်းရိုး ကာဖို့ အိန္ဒိယနိုင်ငံက ဒေါ်လာ ဘီလျံ ၃ ဒသမ ၇ ဘီလျံ သုံးစွဲမယ့်အကြောင်း ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။
ရိုဟင်ဂျာတွေ အပေါ် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို အပြစ်ပေးအရေးယူဖို့ မြန်မာအာဏာပိုင်တွေ ပျက်ကွက်ခဲ့ကြောင်း IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ အစီရင်ခံစာမှာ အတိအကျ ဖေါ်ပြလိုက်ပါတယ်။
၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားနဲ့ စစ်ရေးပြ အခမ်းအနားတွေ ကို စစ်ကောင်စီက ကျင်းပနေပါတယ်။ လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ စွမ်းရည်ပြ အလေးပြု ပျံသန်းတာတွေ ပါဝင်ပြီး နေပြည်တော်ရဲ့ ရာသီဥတုအခြေအနေကြောင့် ခါတိုင်းနှစ်တွေနဲ့ မတူဘဲ ညနေပိုင်းမှာ ကျင်းပတာဖြစ်တဲ့ အကြောင်း စစ်ကောင်စီ ပြောခွင့်ရက ပြောဆိုထားပါတယ်။
တရုတ်အစိုးရဟာ စစ်ကောင်စီကို သဘောမကျသလို အရင်အစိုးရတွေနဲ့ ထားခဲ့တဲ့ ဆက်ဆံရေးမျိုးထားရှိဖို့လည်း တွန့်ဆုတ်နေတယ်လို့ နိုင်ငံတကာပဋိပက္ခတွေကို လေ့လာသုံးသပ်နေတဲ့ International Crisis Group (ICG) ကပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှေ့ပြေးအကူအညီတွေကို ပေးနေတာမှာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ထိမ်းချုပ်နယ်မြေထဲက ကရင်လူထုတွေအတွက်လည်း အကူအညီတွေပေးခဲ့တယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံးကပြောပါတယ်။
စစ်တပ်ကြောင့် အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူတွေ၊ ဖိနှိပ်မှုတွေ ဆက်လက် ရင်ဆိုင်နေရသူတွေ ကို ဒီနေ့ ကျရောက်တဲ့ မြန်မာစစ်တပ်ရဲ့ တပ်မတော်နေ့မှာ ယူကေ အစိုးရက အောက်မေ့သတိရတဲ့အကြောင်း ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးကပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း ၇ခုကို ဒီ၂ရက်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။ မိုးမောက်မြို့နယ် မြောက်ပိုင်း မြစ်ကြီးနား- ဗန်းမော်လမ်းပေါ်က စခန်း ၄ ခုနဲ့ မိုးမောက်-လွယ်ဂျယ်လမ်းပေါ်က စိန်လုံအနီးက စခန်း ၃ခုဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်နဲ့ စစ်တပ်စခန်းတွေရှိနေသေးတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တချို့မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA ကြား ဒီရက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“၂၀၂၁-၂၂-၂၃ တောက်လျှောက်ကို စီးပွားရေးပြန်လည် ဦးမော့လာတဲ့ အခြေအနေတော့ ကျွန်တော်တို့ရရှိခဲ့ပါတယ်။” လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံ TAR-TASS Mediaရဲ့ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ရခိုင်နဲ့ရိုဟင်ဂျာတွေကြား ပဋိပက္ခတွေထပ်မကြုံလာစေဖို့ နှစ်ဘက်ခေါင်းဆောင်တွေ သဘောထားမှန်မှန်ကန်ကန်ထားဖို့လိုမယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက George Washington တက္ကသိုလ်မှာလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ သတိပေးပြောဆိုပါတယ်။
ရက္ခိုင့်တပ်တော်ရဲ့တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေကို ပြန်ပို့ဖို့ စကားပြောနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အဆာဒုဇ်မန်း ခန် ကမဲလ် (Asaduzzaman Khan Kamal) က ဗွီအိုအေကို အင်္ဂါနေ့ က ပြောပါတယ်။
မနက်ဖြန်ကျရောက်မယ့် တပ်မတော်နေ့/ တော်လှန်ရေးနေ့ စစ်ရေးပြပွဲမှာ လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ စွမ်းရည်ပြ အလေးပြု ပျံသန်းပြီး ထူးထူးခြားခြား ကျင်းပသွားမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ စစ်ရေးပြအခမ်းအနားကို နေပြည်တော်မှာ ရာသီဥတုအခြေအနေကြောင့် ညနေပိုင်းမှာ ကျင်းပမယ်လို့လည်းဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်