မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နယူးယောက်မြို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးနေကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးနေတာဖြစ်ပါတယ်။
ကမ္ဘာတဝှမ်း ပဋိပက္ခ ဖြစ်ပွားတဲ့ ဒေသတွေမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေ ချိုးဖေါက်ခံနေရပြီး လူသားချင်းစာနာမှု အကူအညီတွေ ငြင်းပယ်ခံနေရတာတွေ ပိုတိုးလာနေတဲ့အကြောင်း လက်နက်ကိုင် ပဋိပက္ခတွေကြား ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မနေ့က လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုသွားပါတယ်။
အင်းစိန်အကျဉ်းထောင်မှာလည်း နိုင်ငံရေး အကျဉ်းသား ခုနစ်ဦးကို အပြင်ကိုခေါ်ထုတ်သွားချိန် ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်သတ်ခံခဲ့ရတာရှိခဲ့သလို ထားဝယ်ထောင်မှာ လည်း နိုင်ငံရေး အကျဉ်းသား ၂ဦး ပစ်သတ်ခံရတာရှိပါတယ်။
နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာ လေဆိပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက လေကြောင်းကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရတာတွေရှိတယ်လို့ ပြောပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက် လေကြောင်းခရီးစဉ်တွေကို ရပ်နားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်းမှာ မြေမြှုပ်မိုင်းအများဆုံးသုံးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာသလို မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ထိခိုက်၊ သေဆုံးသူဦးရေလည်း သုံးဆနီးပါး တက်လာတာပါ။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ စံတော်ချိန် မနက် ၁၀ နာရီ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံအရေး ဆွေးနွေးပြောဆိုဖို့ ရှိနေပါတယ်။ ဒါဟာ စစ်တပ်က အာဏာသိမ်းတာ သုံးနှစ်ပြည့်ပြီး ၂ လအတွင်း မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီမှာ ဒုတိယအကြိမ် ဆွေးနွေးပြောဆိုတာ ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ စစ်ရုံးချုပ် (ကက-ကြည်း) တည်ရှိတဲ့ နေပြည်တော်နဲ့ အေလာ လေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်း ဒီနေ့ ရက်စွဲနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ကနဦးသတင်းထုတ်ပြန်ချက်အဖြစ် ကြေညာထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို ဗီဇာ တခုခုနဲ့ရောက်လာကြပြီး မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် မပြန်လိုသေးတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်မှာ ယာယီခိုလှုံခွင့်ပေးတဲ့ TPS ဗီဇာသက်တမ်းကို ၂၀၂၅ နိုဝင်ဘာအထိ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက တိုးပေးလိုက်တဲ့အပေါ် မြန်မာတွေက ကြိုဆိုလိုက်ကြပါတယ်။
PDF - NUG အစိုးရစိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ စစ်အုပ်စုရဲ့အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားဆိုတာလည်း ရှိတာမဟုတ်ဘူး။ သူတို့အာဏာစက် ဘယ်လိုမှသက်ရောက်တာမရှိဘူး။ အဲဒီတော့ သူတို့ရဲ့အဓမ္မစစ်သားကောက်တဲ့၊ ပေါ်တာဆွဲတဲ့ကိစ္စက ကျနော်တို့ တော်လှန်ရေးနယ်မြေတွေမှာတော့ မဖြစ်ဘူးပေါ့။"(ဒေါက်တာတေဇာဆန်း)
အမေရိကန်ပြည်ထောင်စုကို ဗီဇာအမျိုးအစား တခုခုနဲ့ရောက်လာကြပြီး မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် မပြန်လိုသေးတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်မှာ ယာယီ ခိုလှုံခွင့်ပေးတဲ့ TPS ဗီဇာသက်တမ်းကို ၂၀၂၅ နိုဝင်ဘာလအထိ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက တိုးပေးလိုက်တဲ့အပေါ် မြန်မာတွေက ကြိုဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား အသေအပျောက်အရေအတွက်က မနှစ်ကထက် နှစ်ဆကျော်၊ သုံးဆနီးပါးတိုးလာပြီး ၁,၀၅၂ ဦးအထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာသစ်က ပြောပါတယ်။
“နွေရာသီရောက်လို့ အပူချိန်မြင့်တာရယ်၊ အယ်နီညိုကြောင့် မိုးရွာသွန်းမှုတွေ လျော့နည်းလို့ လာမယ့်ရက်တွေလည်း နည်းနည်းစီလောက်တော့ ထပ်တိုးအုံးမှာပေါ့။ အပူပျံတဲ့ မိုးတိမ်တောင်တွေဖြစ်တယ်။ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးထစ်ချုန်းရွာတာတွေ အပူနဲ့ဆက်စပ်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေပေါ့။”
နောက်ထပ်ကြည့်ရှုရန်