မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းက ကျေးရွာတွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံရပြီး အရပ်သား ၉ ဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီလို အရပ်သားတွေ သတ်ဖြတ်ခံရပြီး နေအိမ်တွေ မီးရှို့ခံရတဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပြီး နေရပ်မပြန်နိုင် ဖြစ်နေပါတယ်။
ရွာထဲက ဒေသခံနေအိမ် ၅၀၀ ဝန်းကျင် မီးထဲပါသွားပြီး၊ မီးရှို့ခံထားရတဲ့ လူသေအလောင်း တချို့ကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။ စစ်ကောင်စီအဖွဲ့ကတော့ မီးရှို့ပြီး အိမ်စီးကားတွေနဲ့ ပြန်ထွက်သွားတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က KIA ဌာနချုပ် လိုင်ဇာအနီးရှိ ဘွမ်ရဲဘွမ် တပ်စခန်းကို ဒီနေ့ နေ့ခင်းပိုင်းမှာ သိမ်းယူလိုက်ပြီး ဘွမ်ရဲဘွမ် စခန်းနဲ့ လိုင်ဇာပတ်ဝန်းကျင်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်နေကြောင်း KIA က သတင်းထုတ်ပြန်ပါတယ်။
စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို စတင် စာရင်းကောက်ယူတာ၊ ရပ်ကွက်က စာရင်းကောက်ယူထားတဲ့သူတွေကို သွားနိုင်ခြင်း ရှိမရှိ ခေါ်ယူမေးမြန်းတာတွေကို မြို့နယ်ရပ်ကျေးတွေ ကနေတဆင့် စတင် လုပ်ဆောင်နေပြီလို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။
"မြဝတီမြို့ပေါ်မှာ ရုတ်ရုတ်သဲသဲဖြစ်နေတယ်။ စစ်မှုထမ်းဥပဒေအရ မဲနှိုက်ရမယ်ဆိုပြီးဖြစ်နေတယ်။ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူကလွဲရင် ကျန်းမာသန်စွမ်းသူတွေအားလုံး မဲနှိုက်ရမယ်။ ....သူတို့ (စစ်တပ်)ဆီသွားမယ့်အစား တောခိုတာပဲကောင်းတယ်လို့ ပြောကြတယ်။ အဲဒီလိုပဲစဉ်းစားကြတယ်။" (ဒေသခံ)
ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော်လမ်းက မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဒါဆိုင်း တပ်စခန်းကို ဒီကနေ့မနက်ပိုင်းမှာ KIA က သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းက အပြင်းအထန် တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် အခြေအနေမျိုး ပြန်ရောက်စ ပြုလာပေမဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့မှာတော့ ဖွံ့ဖြိုးမှုတွေ နောက်ကျကျန်ခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
တရုတ်ကုမ္ပဏီပိုင် TikTok လူမှုကွန်ရက်ကို အမေရိကန်ပြည်ထောင်စုတခုလုံးမှာ တားမြစ်ရေး ဥပဒေကြမ်းကို အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပြီးနောက် စီးပွားရေးကို မျှမျှတတပြိုင်ဆိုင်ဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ ဒီရက်ပိုင်း စစ်ကောင်စီနဲ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးပဋိပက္ခတွေကြား နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သလို၊ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မကြာသေးခင် ရက်တွေကစ လုံခြုံရေးတင်းကျပ်ထားပြီး အသွားအလာတွေ ကန့်သတ်မှုတွေကြောင့် ဒေသခံတွေ အခက်အခဲ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ လောင်းကစားနဲ့ လိမ်လည်တဲ့ လုပ်ငန်းတွေမှာ ပတ်သက်ခဲ့တဲ့ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို ထိုင်း-မြန်မာ နှစ်နိုင်ငံအာဏာပိုင်တွေနဲ့ ဆွေးနွေးပြီး ထိုင်းနိုင်ငံကတဆင့် တရုတ်နိုင်ငံကို ပြန်လည် ခေါ်ယူနေကြောင်း တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်နဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်လူမှုအသိုက်အဝန်းတွေကို ကူညီထောက်ပံ့ဖို့အတွက် အခု ၂၀၂၄ခုနှစ်အတွင်း ရံပုံငွေ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရရှိဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ လူသားချင်းစာနာကူညီမှုအဖွဲ့အေစည်းတွေ မေတ္တာရပ်ခံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်