သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သားစုဆောင်းမှု မခံရအောင် အကူအညီတောင်းသူပေါင်း နာရီပိုင်းအတွင်းထောင်နဲ့ချီရှိ


လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် စစ်မှုထမ်းကိစ္စဆွေးနွေးရန် ဆင့်ခေါ်စာ
လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် စစ်မှုထမ်းကိစ္စဆွေးနွေးရန် ဆင့်ခေါ်စာ

စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံရမည့် အခြေအနေကနေ လွတ်မြောက်ရေး အကူအညီတွေပေးနေကြောင်း NUG အမျိုးသားညီညွတ်ရေး အစိုးရက စနေနေ့က စတင်ကြေညာပြီး ၁၂ နာရီအတွင်း ဆက်သွယ်အကူအညီ တောင်းခံလာသူပေါင်း ၆ ထောင်ကျော် ရှိနေကြောင်း NUG ၀န်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဗွီအိုအေကို ပြောပါတယ်။

"Announce လုပ်တဲ့နေ့က မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ၁၂ နာရီအတွင်းကိုပဲ တယ်လီဂရန်အကောင့် ၆၀၀၀ ကျော်ကနေ ကျနော်တို့ကို ဆက်သွယ်ပြီးတော့ မေးမြန်းလာပါတယ်။ အဲဒီလိုမေးမြန်းတဲ့ထဲမှာတော့ အမျိုးစုံပါတာပေါ့။ တချို့တွေလည်း ကိုယ့်မိသားစု၀င်က ခေါ်သွားတာ ခံလိုက်ရပြီ။ အဲဒီအတွက်ကြောင့် မိသားစု၀င်တွေက ဆက်သွယ်ပြီးတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး အကြံဉာဏ်တောင်းတာတွေ ရှိတယ်။ တချို့ဆိုလည်း မဲနှိုက်တာ ပေါက်သွားပြီ။ ဒါပေမဲ့ သူ့ကိုတော့ လာမခေါ်သေးဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာမျိုးတွေ တိုင်ပင်တာတွေ ရှိတယ်။ တချို့တွေလည်း လွတ်မြောက်နယ်မြေ သွားချင်ကြတယ်။ တချို့တွေလည်း PDF ထဲ ၀င်ချင်တယ် စသည်ဖြင့်။ တချို့တွေလည်း ဒီကိစ္စမှာ အကြမ်းဖက်စစ်အုပ်စုဘက်ကနေ ကူညီနေတဲ့ အုပ်ကြီးတွေကို တိုက်ချင်တယ်ဆိုတာမျိုး ဒါတွေမျိုးစုံကို ဒီ ၆၀၀၀ ကျော်ထဲမှာ တွေ့ရပါတယ်။"

စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပထမအကြိမ် စစ်သင်တန်းကို စစ်ကောင်စီက ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာ NUG အစိုးရဘက်က ပြည်သူ့ရေးရာဝန်ဆောင်မှုဆိုတဲ့ တယ်လီဂရန်ချန်နယ်ဖွင့်ပြီး ဝန်ဆောင်မှုစပေးနေကြောင်း မတ်လ (၃၀)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။

၀န်ဆောင်မှုပေးရာမှာ စိန်ခေါ်မှုအခက်အခဲတွေ ရှိနေပေမဲ့ တတ်နိုင်သလောက် နည်းလမ်းတွေနဲ့ အကူအညီတွေပေးဖို့ ကြိုးစားနေကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။ စစ်သင်တန်းတွေပေးဖို့ ပြင်နေပြီဆိုတဲ့ သတင်းတွေကြောင့် လူတွေ အစုလိုက်အပြုံလိုက် ထိုင်းနယ်စပ်ကို ထပ်ပြီးရောက်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့လည်း NUG နိုင်ငံခြားရေး၀န်ကြီးဌာနက ထိုင်းအစိုးရဘက်ကို စာရေးသား ပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။ အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တိုင်ပင်ဆွေးနွေးနေတယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒီအတောအတွင်း ရန်ကုန် မြောက်ဥက္ကလာပမှာ လူငယ် ၁၁ ဦးကို သောကြာနေ့ မနက်ပိုင်းက ဖမ်းဆီးပြီးစစ်သားသစ်အဖြစ် စုဆောင်းတယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG