မြန်မာသင်္ဘောသားအများစု လိုက်ပါသွားတဲ့ ဘူဂေးရီးယားကုန်တင်သင်္ဘောကို ဆိုမာလီပင်လယ်ဓားပြတွေလက်က ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အိန္ဒိယရေတပ်က ပြောပါတယ်။ Maltese မှတ်ပုံတင် MV Ruen ကုန်တင်သင်္ဘောကို ပြန်ပေးဆွဲသွားတာ ၃ လအကြာ အိန္ဒိယကမ်းလွန်ရေပြင်မှာ ပြန်လည်သိမ်းပိုက်ပြီး သင်္ဘောသားတွေကို ကယ်တင်ခဲ့တာပါ။
အာဏာသိမ်း စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြောင်း နယ်သာလန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေက ပေါင်းစုပြီး အမ်စတာဒမ်မြို့တော်မှာ စနေနေ့က ကန့်ကွက်ခဲ့ကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြောင်း နယ်သာလန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေက ပေါင်းစုပြီး အမ်စတာဒမ်မြို့တော်မှာ စနေနေ့က ကန့်ကွက်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်တွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်တဲ့ ဥပဒေဖြစ်လို့ ကန့်ကွက်ရကြောင်း ဆန္ဒပြသူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံက ဆိုးရွားပြင်းထန်လာနေတဲ့ အခြေအနေတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မဖြစ်မနေ တုံ့ပြန် အရေးယူရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၁၅ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်းထဲက ရွှေဆိုင်တွေ၊ ပြင်ပရွှေအရောင်းအဝယ် လုပ်နေကြသူတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ပေးတဲ့ ဈေးအတိုင်း အရောင်းအဝယ် မလုပ်နိုင်ရင် မရောင်းဖို့ သတိပေးလိုက်ပါတယ်။
"ရသေ့တောင်ကလည်း ကျလုနီးပါးဖြစ်နေပြီလို့ သိရတယ်။ စစ်ကောင်စီဘက်တော့ ရသေ့တောင်ကို လေကြောင်းကရော ရေကြောင်းကပါ ကာကွယ်နေတယ်။ ဒါပေမယ့် ရသေ့တောင်ကို သိမ်းလုနီးပါး ဖြစ်နေပြီလို့ AA တပ်တော်က တာဝန်ရှိသူတဦး ကျနော်တို့ကို ပြောပါတယ်။" (ဦးခိုင်မြတ်ကျော် − အယ်ဒီတာချုပ် ၊ နိရဉ္စရာ သတင်းဌာန)
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အခြေနေဟာ အတိမ်းအစောင်းမခံ ဖြစ်နေတဲ့အတွက် စိုးရိမ်ရဆဲ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရ ရန်ဒါဂျာအစ္စဝါလ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံး ဒေသတွေမှာ စစ်ရေးပဋိပက္ခတွေက ဒီနေ့အထိ လျော့ကျမသွားပဲ ပိုမိုပြင်းထန်လာနေပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆီဆိုင်မြို့နယ် ကျေးရွာတရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။
စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းမှု အဆုံးသတ်ရေးအတွက် နိုင်ငံတကာက အရေးယူ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)လှုပ်ရှားရာ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်နေပြီး၊ တလကျော်ကြာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတာပါ။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကတော့ ကျိုက်ဒုံစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းက ကျေးရွာတွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံရပြီး အရပ်သား ၉ ဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီလို အရပ်သားတွေ သတ်ဖြတ်ခံရပြီး နေအိမ်တွေ မီးရှို့ခံရတဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပြီး နေရပ်မပြန်နိုင် ဖြစ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်