ကရင်နီဒေသ ဖားဆောင်းမြို့မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကြား ပြီးခဲ့တဲ့လနှောင်းပိုင်းကစ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ အထိအခိုက်အကျအဆုံးတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီအတွက် လက်နက်ငွေကြေးထောက်ပံ့မှုကို နိုင်ငံတကာက ပစ်မှတ်ထား အရေးယူဖို့ မတ်လ ၈ ရက် ဂျနီဗာ ကုလသမဂ္ဂ ရုံးမှာ ပြုလုပ်တဲ့ သံတမန်ရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG က တောင်းဆိုလိုက်ပါတယ်။
မြဝတီမြို့နယ်မှာရှိတဲ့ သင်္ဃန်းညီနောင်ရဲစခန်းနဲ့ စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ ၃၅၅ ကိုသိမ်းပိုက်လိုက်တယ်လို့ KNU နဲ့ PDF ပူးပေါင်းတပ်တွေက ပြောပါတယ်။
မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင် အခြေစိုက်ခမရ ၃၅၅ တပ်ရင်းကို KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲတွေဘက်ကသိမ်းပိုက်ပြီးနောက် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ထားကြောင်း လက်နက် ၁၀၀ ကျော်ကိုသိမ်းဆည်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးကပြောပါတယ်။
NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံအခြေနေနဲ့အတူ စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို တင်ပြပြီး စစ်ကောင်စီအတွက် လက်နက်ခဲယမ်းနဲ့ ငွေကြေး၊ လူသေဆုံးမှုများတဲ့ လေကြောင်းတိုက်ခိုက်မှု မလုပ်နိုင်အောင် လေယာဉ်ဆီတင်သွင်းမှုကိုပါ နိုင်ငံတကာက ပိတ်ပင် အရေးယူဖို့ တိုက်တွန်း ခဲ့တာပါ။
ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကိုပြန်မယ့် ဒေသခံလူငယ်တချို့ ရန်ကုန် လေဆိပ်မှာ အဖမ်းရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းခဲ့ပြီးနောက် ပြည်မဘက်မှာ ရှိနေတဲ့ ရခိုင်လူငယ်တွေ နေရပ်ပြန်တဲ့အခါ မကြာခဏ ဖမ်းဆီးခံနေရတဲ့အကြောင်း မစုမြတ်မွန် တင်ပြပါမယ်။
KIO ကချင်အဖွဲ့ တပ်အနေနဲ့ ထိုးစစ်စလိုက်တာက၊ ဌာနချုပ်လိုင်ဇာကို ကြိုကာလိုက်တာအပြင် ကျန်တိုင်းရင်းသားဒေသတွေက ထိုးစစ်တွေ နဲ့ အချိန်ကိုက် မဟာဗျုဟာကျတဲ့ စစ်ဆင်ရေးကြီးလို့ သုံးသပ်သူတွေက ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသူတချို့လည်း ရှိတယ်လို့ ပြောပါတယ်။ အရပ်သားပြည်သူတွေ အနေနဲ့ လေကြောင်းရန် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အသိပညာနဲ့ ဗုံးခိုကျင်းတွေ တူးထားဖို့ လိုတယ်လို့လည်း ကာကွယ်ရေးရဲဘော်က ပြောပါတယ်။
ဒီနေ့ မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်တာနဲ့အတူ ကုလသမဂ္ဂက ဒီနှစ် ၂၀၂၄ ခုနှစ်မှာ “တိုးတက်မှုတွေ မြန်ဆန်ဖို့ အမျိုးသမီးများထံ ရင်းနှီးမြှပ်နှံကြစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ အမျိုးသမီးတွေရဲ့ ဆောင်ရွက်နိုင်စွမ်းကို ဂုဏ်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ လူသားချင်းစာနာတဲ့အကူအညီ လိုအပ်နေသူတွေအတွက် နောက်ထပ်အကူအညီပေးသွားမယ်လို့ ဂျပန်အစိုးရက ဒီနေ့ ကြေညာပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင် ကျေးရွာအုပ်စုမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၅၅ နဲ့ အနီးတဝိုက်မှာ KNLA-PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ မနေ့က မတ်လ ၇ ရက်ကစပြီး တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျောက်မှာ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ၂ ရက်တာတိုက်ပွဲအတွင်း KIA က စခန်းကြီး ၄ ခုလောက် အပါအဝင် စခန်းပေါင်း ၁၀ ခုကျော်လောက် သိမ်းယူခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်