“မိုးဗြဲဖက်မှာပေါ့ တိုက်ပွဲဖြစ်တယ်ပေါ့နော်။ ဒီ ၄၂၂ ပေါ့နော် ကျနော်တို့ခေါ်တာ မိုးဗြဲ ရေကာတာမှာရှိနေတဲ့စစ်ကောင်စီတပ်ကိုကျနော်တို့ ကရင်နီတော်လှန်ရေးအင်အားစုကနေ ဝင်ရောက်တိုက်ခိုက်တာပေါ့နော်။ ဒါက ဒီမနက်ဖြစ်တဲ့ဟာပါ၊ လောလောဆယ် မိုးဗြဲမြို့ပေါ်မှာ တချို့နေရာတွေမှာ လူနည်းနည်းပါးပါး အနည်းအကျဉ်းရှိပါတယ်။”
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို ကိုင်တွယ်ဆွေးနွေးနေတဲ့ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အရေးပေါ်အစည်းအဝေးခေါ်ယူသင့်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်က မိုးလုံးရွာကို စစ်ကောင်စီက အင်္ဂါနေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတပါး ပျံလွန်ပြီး လူ ၆ဦး သေဆုံးခဲ့သလို ၁၀ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ယောက်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၇၇ ယောက်ကို နေရပ်ပြန်ပို့ပြီး၊ မြန်မာနိုင်ငံထဲမှာ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ ကို ပြန်ခေါ်မယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။
နယူးဇီလန်နိုင်ငံ Wellington မြို့မှာ လာမယ့် ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကျင်းပတဲ့ အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ဖို့ ဖိတ်ကြားထားတဲ့အတွက် မြန်မာအရေး လှုပ်ရှားသူတွေ နယူးဇီလန်အစိုးရကို ကန့်ကွက်နေကြပါတယ်။
မဲဆောက်မြို့နယ် သောင်ရင်းမြစ်ကမ်းဘေးက ဘန်ထပွန် အမှတ် ၁ ကျေးရွာအုပ်စုမှာ (Ban Tha Pong, Village) မြန်မာဘက်က လူငယ်နှစ်ဦး သယ်ဆောင်လာတဲ့ ခရီးဆောင်အိတ်ကို နယ်ခြားစောင့် ကင်းလှည့် တပ်ဖွဲ့ ၃၄၆ က စစ်ဆေးရာကနေ ကျည်ဆံတွေနဲ့ လက်နက်တွေကို သိမ်းဆည်းနိုင်ခဲ့ကြောင်း မဲဆောက် ရဲဌာနက ပြောပါတယ်။
လွယ်ဂျယ်မြို့ ပတ်ပတ်လည်ကို KIA ကချင်လွတ်လပ်ရေးတပ်က ဝိုင်းရံပိတ်ဆို့ထားတာကြောင့်၊ လွယ်ဂျယ်မြို့တွင်း စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားအားလုံး ရပ်တန့်နေတယ်လို့ ဒေသခံသတင်းတွေအရသိရပါတယ်။
မြ၀တီခရိုင် ကေအန်ယူ တပ်မဟာ(၆)ထိမ်းချုပ်နယ်မြေထဲမှာရှိတဲ့ လေးကေ့ကော်ဒေသက စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ရေကန်ကုန်းကို KNLA/PDF ပူးပေါင်းတပ်တွေက တပတ်ကျော်ကြာထိုးစစ်ဆင်ပြီးတဲ့နောက် မတ်လ ၃၁ရက်နေ့က သိမ်းပိုက်ခဲ့ပါတယ်။
ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး မြို့တွေမှာ အခုနှစ် သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်မှုတွေ စနေပါပြီ။
ပြီးခဲ့တဲ့လအတွင်း အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ခြမ်း အာချေး ကမ်းလွန်ပင်လယ်ပြင်မှာ နှစ်မြုပ်သွားတဲ့ စက်လှေပေါ်ပါလာသူ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ခိုးသွင်းမှုနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာ ပြောပါတယ်။
ကျောက်ဖြူမြို့နယ် ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည် စခန်းက ဒုက္ခသည်၁၀၀ ကျော် လောက်ကို စစ်ကောင်စီကစမ်းမှုထမ်းခိုင်းပြီး တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေဆီ စေလွတ် တာတွေရှိ တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နဲ့ကပ်လျက် နှစ်နိုင်ငံနယ်စပ်အနီးမှာ နှစ်ရက်တာ စစ်ရေးလေ့ကျင့်မှု စတင်နေတယ်လို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်