စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေ ၄ လကြာမြင့်လာပြီဖြစ်သလို အိုးအိမ်စွန့်ခွာထွက်ပြေးနေတဲ့ ဒေသခံတွေ တသိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကုန်စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေသလို လူသားချင်း စာနာမှုအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ မနေ့က တနင်္ဂနွေညနေပိုင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ တခြားအကျဉ်းသားတွေ အချင်းများခဲ့ကြပြီး ထောင်ပြင်ပက ရောက်ရှိလာတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
“... ။ ကျနော်တို့ကလည်း အဖွဲ့ကလည်း ၃၊ ၄ဖွဲ့ဆိုတော့ ကျနော်တို့ အချိန် အကန့်အသတ်နဲ့ ပြောပြီးမှ သူတို့ကလည်း အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ သူတို့ ဆက်ပြီးတော့မှ ကျနော်တို့ collaboration လုပ်သွားမယ်၊ ပူးပေါင်းဆောင်ရွက်မှု လုပ်သွားမယ် ဒါနဲ့ပဲ ပြီးသွားတာပါနော်။..."
မိုးမောက်- လွယ်ဂျယ်လမ်းက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၂၇ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ်လ ၂၈ရက်နေ့မှာ အရေးကြီး တပ်စခန်းတခုဖြစ်တဲ့ ယောယုံစခန်းကို သိမ်းယူခဲ့သလို ဒီကနေ့မနက်မှာတော့ နောက်ထပ် အရေးကြီး တပ်စခန်းဖြစ်တဲ့ စိန်လုံစခန်းကို ထပ်မံ သိမ်းယူလိုက်တာပါ။
နယ်စပ်ဒေသ အွန်လိုင်း လိမ်လည်မှုတွေမှာပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတဲ့သူ ၈၀၇ ယောက်ကို မြန်မာ-တရုတ် ပူးပေါင်း ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ရန်ကုန်မြို့ တရုတ်နိုင်ငံသံရုံးက တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနဲ့ နယ်စပ်ချင်းကပ်နေတဲ့ ယူနန်ပြည်နယ်ဘက်ခြမ်းမှာ တရုတ်ရဲ့ စစ်ရေးပစ်ခတ် လေ့ကျင့်မှုတွေကို ဧပြီလ ၂ ရက်မှ ၃ ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်မယ်လို့ တရုတ်အစိုးရအာဘော်ဖြစ်တဲ့ Globel Times သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ် မိုးမောက်-လွယ်ဂျယ်ကားလမ်း တလျောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIA နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်တိုက်ခိုက်နေရာမှာ မနေ့ စနေနေ့က စစ်ကောင်စီ တပ်စခန်း နောက်ထပ် ၃ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံရမည့် အခြေအနေကနေ လွတ်မြောက်ရေး အကူအညီတွေပေးနေကြောင်း NUG အမျိုးသားညီညွတ်ရေး အစိုးရက စနေနေ့က စတင်ကြေညာပြီး ၁၂ နာရီအတွင်း ဆက်သွယ်အကူအညီ တောင်းခံလာသူပေါင်း ၆ ထောင်ကျော် ရှိနေကြောင်း NUG ၀န်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဗွီအိုအေကို ပြောပါတယ်။
Burma Act 2022 ဥပဒေ အရ ၂၀၂၃-၂၀၂၄ ခုနှစ် အမေရိကန် အစိုးရ ဘတ်ဂျက်အသုံးစရိတ်ထဲ မြန်မာ့ဒီမိုကရေစီရေးအတွက် ခွင့်ပြုခဲ့တဲ့ ငွေ ပမာဏ စုစုပေါင်း - အမေရိကန် ဒေါ်လာ ၁၂၁ သန်း
ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ထိန်းချုပ်ထားတဲ့နေရာမှ ယူဂန်ဒါနိုင်ငံသား ၂၃ ယောက် လွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့တယ်လို့ DKBA တာ၀န်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်ကောင်စီ တပ်သား (၃) ဦးဟာ မတ်လ ၃၀ ရက် (စနေနေ့) နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဒေသခံအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်