မြန်မာနိုင်ငံအတွင်း မြို့နယ်တချို့မှာ စစ်မှုမထမ်းမနေရ အမိန့်နဲ့ အကျုံးဝင်တဲ့ လူငယ်တွေကို စာရင်းကောက်တာ မဲနိုက်ခိုင်းတာတွေ လုပ်နေတဲ့ တချိန်တည်းမှာ ဒီ လူငယ်တွေရဲ့ မိသားစုတွေကို လစဉ် ထောက်ပံ့ဖို့ ငွေကြေး ကောက်ခံတာတွေ ရှိနေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံလာတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး လက်ရှိအချိန်အထိ ပြည်တွင်းမှာ စစ်ရေး၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ စာရင်းကောက်ယူခဲ့တဲ့ နိုင်ငံပေါင်း ၁၄၃ နိုင်ငံအနက် ပျော်ရွှင်မှုအဆင့်က ၁၁၈ မှာ ရှိနေပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ မြစ်ကြီးနား - ဗန်းမော် လမ်းပေါ်က မြို့သစ်၊ ကုန်းလော၊ နွမ်းလန်းနဲ့နောင်ကွန်ကျေးရွာ အခြေစိုက် အမြောက်တပ်နဲ့ ဒုံးတပ်ဖွဲ့ အပါအဝင် အနည်းဆုံး ၄ နေရာလောက်ကို ဒီမနက်ပိုင်းမှာ KIA က တပြိုင်တည်း တိုက်ခိုက်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး (West Aceh) ကမ်းလွန် ရေမိုင် ၁၆ မိုင်အကွာလောက်မှာ မှောက်နေတဲ့ စက်လှေဝမ်းဗိုက်ပေါ် တွယ်ကပ်ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာ ၇၀ နီးပါးကို အင်ဒိုနီးရှားက ဒီနေ့ ကယ်ဆယ်ခဲ့ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ သူတို့ကိုထောက်ခံတဲ့ ဆန္ဒပြပွဲကလွဲပြီးတော့ တခြား ပြည်သူ့ဆန္ဒသဘောထားဖော်ထုတ်တဲ့ဆန္ဒပြပွဲမျိုး လုပ်လို့မရပါဘူး။ လုပ်လို့ရှိရင်တော့ သူတို့ ပစ်ခတ်ချေမှုန်းတာ၊ ဖမ်းဆီးတာတွေလုပ်မှာပေါ့နော်၊ ဒါကတော့ ရှင်းနေတဲ့ကိစ္စပဲ။" (ခိုင်သုတ-AA ပြောခွင့်ရ)
အာဏာသိမ်းစစ်တပ်ဟာ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိုးစစ်တွေကြောင့် စစ်မြေပြင်မှာ ဆုံးရှုံးမှုတွေပိုကြုံတွေ့နေရလို့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေပြင်းထန်လာနေကြောင်း လွတ်လပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူတဦးက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
မြန်မာကနေ တရားမဝင်လမ်းတွေက အထောက်အထားမဲ့ရောက်လာတာက တရားမဝင်ကယ်ရီတွေနဲ့ ဖမ်းမိတာ ပိုများတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ဆင်းရဲမွဲတေမှု ပိုဆိုးလာတယ်။ အဓိက,က လူငယ်တွေရဲ့အနာဂတ်တွေ ပျောက်လာတာပေါ့။" (ဦးရဲမင်း-အလုပ်သမားရေးလှုပ်ရှားသူ)
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ကို မတ်လ ၂၀ ရက်၊ ဒီကနေ့ မနက်က ကမာရွတ်ခရိုင် တရားရုံးရဲ့ အစီအစဉ်နဲ့ လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူမယ့်သူ မရှိတာကြောင့် လေလံမအောင်ဘဲ ပြီးဆုံးသွားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီး ပင်လယ်မှာ ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ သစ်သားလှေတစ်စင်း တိမ်းမှောက်ခဲ့တဲ့အတွက် အင်ဒိုနီးရှားငါးဖမ်းသမားတွေက ကယ်တယ်ခဲ့တယ်လို့ ဒေသတွင်း ငါးဖမ်းလုပ်ငန်း တာ၀န်ရှိသူတဦးက ပြောပါတယ်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာရှိတဲ့ အထည်ချုပ်စက်ရုံနှစ်ခုမှာ မြန်မာအလုပ်သမား ၁,၀၀၀ ကျော်က အလုပ်သမားအခွင့်အရေးတချို့ကို ရဖို့ ဆန္ဒပြ တောင်းဆိုနေကြပြီး အလုပ်သမား ၂၀၀ လောက်ကို စက်ရုံပိုင်ရှင်တွေက နေရပ် ပြန်ပို့လိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းက မြို့နယ် တော်တော်များမှာ စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီတဲ့ လူငယ်တွေကို ဒီလဆန်းပိုင်းကစလို့ စစ်ကောင်စီက စာရင်းကောက်ယူတာတွေ၊ မဲနှိုက်ခိုင်းတာတွေ စတင် လုပ်ဆောင်နေတာကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ် တော်တော်များများဟာ ပြည်ပနိုင်ငံတွေကို ရတဲ့နည်းလမ်းနဲ့ထွက်ခွာနေကြတာပါ။
နောက်ထပ်ကြည့်ရှုရန်