ပြီးခဲ့တဲ့လအတွင်း အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ခြမ်း အာချေး ကမ်းလွန်ပင်လယ်ပြင်မှာ နှစ်မြုပ်သွားတဲ့ စက်လှေပေါ်ပါလာသူ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ခိုးသွင်းမှုနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာ ပြောပါတယ်။
ကျောက်ဖြူမြို့နယ် ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည် စခန်းက ဒုက္ခသည်၁၀၀ ကျော် လောက်ကို စစ်ကောင်စီကစမ်းမှုထမ်းခိုင်းပြီး တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေဆီ စေလွတ် တာတွေရှိ တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နဲ့ကပ်လျက် နှစ်နိုင်ငံနယ်စပ်အနီးမှာ နှစ်ရက်တာ စစ်ရေးလေ့ကျင့်မှု စတင်နေတယ်လို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အယ်လ်နီညိုရာသီအကျိုးဆက်အရ ဧပြီလတွင်းမှာ အပူချိန်အမြင့်မားဆုံးခံစားရပြီးသောက်သုံးရေရှားပါးတာတွေနဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေကြုံတွေ့ရနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကသတိပေး ပြောဆိုပါတယ်။
မွန်လူမျိုး မိသားစုကနေ မွေးဖွားလာတဲ့ ထိုင်း ဘောလုံးလက်ရွေးစင်ကစားသမား Pongsakorn Sangkasopha ဟာ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်တွေကို ကူညီဖို့ သူ့ရဲ့ အသင်းအင်္ကျီကို လေလံတင် ရောင်းချလိုက်ပါတယ်။
တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် Deng Xijun ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး၊ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နယ်စပ်ကုန်သွယ်ရေးအပါအဝင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ wang Thonglang နယ်မြေက အနှိပ်ခန်းဟာ အနှိပ်ခန်းကိုဗန်းပြပြီး ကာမဝန်ဆောင်မူ့ပေးတယ်ဆိုပြီး သတင်းရတာကြောင့် နယ်မြေအာဏာပိုင်တွေက ၀င်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရာမှာ အလုပ်လုပ်ခွင့်အထောက်အထားမရှိတဲ့မြန်မာ ၁၅ ဦးဖမ်ဆီးခဲ့ရပါတယ်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ အုပ်စုမှာရှိတဲ့ မဟာဓာတ်အားလိုင်းနဲ့ မလွတ်တဲ့အိမ်တွေကို သင်္ကြန်ပိတ်ရက်အပြီး ဖျက်သိမ်းပေးဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေ ၄ လကြာမြင့်လာပြီဖြစ်သလို အိုးအိမ်စွန့်ခွာထွက်ပြေးနေတဲ့ ဒေသခံတွေ တသိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကုန်စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေသလို လူသားချင်း စာနာမှုအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ မနေ့က တနင်္ဂနွေညနေပိုင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ တခြားအကျဉ်းသားတွေ အချင်းများခဲ့ကြပြီး ထောင်ပြင်ပက ရောက်ရှိလာတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
“... ။ ကျနော်တို့ကလည်း အဖွဲ့ကလည်း ၃၊ ၄ဖွဲ့ဆိုတော့ ကျနော်တို့ အချိန် အကန့်အသတ်နဲ့ ပြောပြီးမှ သူတို့ကလည်း အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ သူတို့ ဆက်ပြီးတော့မှ ကျနော်တို့ collaboration လုပ်သွားမယ်၊ ပူးပေါင်းဆောင်ရွက်မှု လုပ်သွားမယ် ဒါနဲ့ပဲ ပြီးသွားတာပါနော်။..."
မိုးမောက်- လွယ်ဂျယ်လမ်းက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၂၇ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ်လ ၂၈ရက်နေ့မှာ အရေးကြီး တပ်စခန်းတခုဖြစ်တဲ့ ယောယုံစခန်းကို သိမ်းယူခဲ့သလို ဒီကနေ့မနက်မှာတော့ နောက်ထပ် အရေးကြီး တပ်စခန်းဖြစ်တဲ့ စိန်လုံစခန်းကို ထပ်မံ သိမ်းယူလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်