မြ၀တီခရိုင်အတွင်းက သင်္ကန်းညီနောင် စစ်ဗျူဟာ အခြေချစခန်းကုန်းနဲ့ ခလရ ၂၇၅ တပ်စခန်းကို ကရင်တပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ဝယ်လင်တန်မှာ ကျင်းပမယ့် အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ခွင့်ပေးရင် နယူးဇီလန်အစိုးရသစ်ကို ပြုတ်ကျတဲ့အထိ ကန့်ကွက်မှုတွေကိုလုပ်သွားမယ်လို့ နယူးဇီလန်က မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။
လာအိုမှာ ကျင်းပတဲ့ ၃ ရက်ကြာ အစည်းအဝေးကို မြန်မာစစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထောင်းဖာပူးမြို့နယ်အတွင်းက နေအိမ်တလုံးမှာ လူတွေ အစုလိုက်အပြုံလိုက် တည်းခိုနေတာကို ဒေသခံကျေးရွာသားတွေက တွေ့ရှိခဲ့ပြီးနောက် လုံခြု့ရေးအဖွဲ့တွေကို တိုင်ကြားခဲ့တာပါ။ လုံခြုံရေးအဖွဲ့တွေက အိမ်ပျက်တလုံးကို ဝင်ရောက် စစ်ဆေးရာမှာ တရားမဝင် မြန်မာ ၁၂၀ ကျော်ကို တွေ့ရှိခဲ့တာဖြစ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop ကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ကြောင်း ကုလအတွင်းရေးမှုးချုပ် António Guterres က ဧပြီလ ၅ ရက် ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ မစ္စဘီးရှောပ့်ဟာ Noeleen Heyzer နေရာမှာ တာဝန်ယူရမှာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြ၀တီ-သင်္ကန်းညီနောင် စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသာလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတွေ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မူတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အပူလှိုင်းဒဏ်ဖြတ်တဲ့ ဒဏ်ကို ခံစားနေကြရပါတယ်။ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေကို ဖြတ်နေတဲ့ အပူလှိုင်းကြောင့် လွန်ကဲတဲ့ပူပြင်းမှုကို ခံစားနေကြရပြီး ဖိလစ်ပိုင်မှာဆိုရင် ကျောင်းတွေပိတ်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံတဲ့ နယ်ခြားစောင့်တပ်နဲ့ စစ်တပ်အရာရှိ ၂၀၀ လောက် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေသလို မြန်မာဘက်က ဖမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကျော်ကိုလည်း ပြန်ပို့ပေးဖို့ တောင်းဆိုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်ဟာ စံချိန်တင် များပြားလာနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောလိုက်ပါတယ်။
၂၀၂၄ ခုနှစ် မြန်မာနိုင်ငံတဝန်း အတိဒုက္ခရောက်နေသူတွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီပေးဖို့ ဒေါ်လာ သန်းပေါင်း ၉၉၀ ကျော် တောင်းဆိုထားတဲ့ ထဲက ၄ ရာခိုင်နှုန်းသာ အကူအညီရသေးတဲ့အကြောင်း UNOCHA ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် မံစီမြို့နယ်က ဆက်သွယ်ရေးအရ အရေးပါတဲ့ ဟန်ထက်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီး ဒေသတွင်းက အရပ်သားပြည်သူတွေကတော့ စစ်ဘေးလွတ်ရာကို တိမ်းရှောင် နေကြရပါတယ်။
မလေးရှားနိုင်ငံက တယ်လီဆက်သွယ်ရေးနဲ့ တာဝါတိုင် ဝန်ဆောင်မှု ကုမ္ပဏီ Axiata Group က သူ ပေါင်းစပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံအတွင်းက Edotco Myanmar Ltd အစုစပ်ပိုင်ဆိုင်မှု အားလုံးကို ဒေါ်လာ သန်း ၁၅၀ နဲ့ ရောင်းချတော့မယ့်အကြောင်း ကြာသပတေးနေ့မှာ ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်