အကူအညီ ပမာဏ အတိအကျကို ဖော်ပြမထားပေမယ့် ဩစတေးလျနိုင်ငံက ပေးတဲ့ အကူအညီတွေကို မြန်မာနိုင်ငံက လိုအပ်နေတဲ့သူတွေလက်ထဲ ပေးအပ်မှာ ဖြစ်တဲ့အကြောင်း X လူမှုကွန်ယက်မှာ ရေးသားထားတာပါ။
မကွေးတိုင်း မြစ်ခြေမြို့နဲ့ ကမ္မမြို့ ကားလမ်းဘေးမှာရှိတဲ့ ချိုင် ကျေးရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ဖလံအို ရွာမှာ တပ်စွဲနေတဲ့ စစ်တပ်ဟာ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက ဝင်ရောက်လာပြီး အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီ မကြာခင်က ထုတ်ပြန်လိုက်တဲ့ အရွယ်ရောက်ပြီး လူငယ်တွေ စစ်မှုမထမ်းမနေရ အမိန့် အပေါ် မြန်မာပြည်သူတွေ စိုးရိမ်ပူပန်နေရတာကို စာနာ နားလည်မိတဲ့အကြောင်း ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံရုံး အကြီးအကဲ Mr. Ken O’Flaherty က သံရုံးရဲ့ Facebook လူမှုကွန်ယက်မှာ သတင်းစကားပါးထားပါတယ်။
ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်မြောက်ပိုင်း မင်းပြားမြို့နယ်က စစ်ကောင်စီရဲ့ အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို မနေ့က ညနေပိုင်းက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းစည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် ထားပါတယ်။
မွန်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် တချို့က နယ်စပ်ဖြတ်ကျော် သွားရောက် အလုပ်လုပ်ကြသလို တချို့လည်း အကူအညီရတဲ့ ဒေသတွေဆီ ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ တိုက်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ အဓိကအနေနဲ့ အစာရေစာ ရှားပါလာတဲ့ပြဿနာကို ရင်ဆိုင်လာရတယ်လို့လည်း ပြောပါတယ်။
"ကောလင်းမြို့နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်တွေဟာ ခံစစ်ပြင်နေတယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့နော်၊ မြို့ထဲမှာရှိတဲ့အခိုင်အမာရှိတဲ့ အထပ်မြင့်အဆောက်အဦတွေ သူတို့ယူတယ်။ မြင်ကွင်းမရှင်းတဲ့ ပတ်ချာလည်ကရပ်ကွက်တွေ၊ သူတို့ခံစစ်ယူထားတဲ့နေရာတွေကို မီးရှို့ဖျက်စီးနေတယ်လို့ မြင်တယ်။" (ဒေသခံ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ အရေးပါတဲ့ စစ်တပ်ဂိတ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို မြို့ပေါ်ဧရိယာ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ တာဝန်ရှိသူတွေက ပြောပါတယ်။
ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မလောင်း ရွေးပွဲတွေဟာ သမ္မတဟောင်း Donald Trump နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley တို့ နှစ်ယောက်တည်း ဆက်ပြိုင်နေဆဲဖြစ်ပြီး ဘယ်လောက်ကြာကြာ ၂ ယောက် ဆက်ပြိုင်မလဲဆိုတာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
စစ်ကောင်စီ ဂျက်တိုက်လေယာဥ်တွေက မင်းပြားမြို့နယ်က မင်းဖူးဆေးရုံနဲ့ သေကန်ကျေးရွာကို ဒီကနေ့ မနက်ပိုင်းက လာရောက်ဗုံးကြဲတာကြောင့် လူပေါင်း ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရသွားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့် ဒေသခံတွေ သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိပါတယ်။
မလေးရှားနိုင်ငံ၊ ဆလန်ကောပြည်နယ် ရေပိုင်နက်ထဲမှာ သစ်သားလှေနဲ့ တရားမဝင် ဝင်ရောက်လာသူ ၂ ဒါဇင်လောက်ကို ဖမ်းဆီးရမိကြောင်း မလေးကမ်းခြေစောင့်တပ်ဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေးပြဿနာတွေကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ နှေးကွေးနိုင်တယ်လို့ ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်