မြန်မာနိုင်ငံအပေါ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ မူဝါဒကို အသစ်ပြင်ဆင်ချမှတ်ဖို့ ထိုင်းလွှတ်တော်အမတ်တွေက လိုလားနေကြတယ်လို့ ဒီကနေ့ ထိုင်းလွှတ်တော်မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သူတချို့က VOA မြန်မာပိုင်းကို ပြောပါတယ်။
နယ်စပ်ဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်နှိမ်နှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေးဟာ အဓိက သော့ချက်ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားလိုက်ပါတယ်။
အိန္ဒိယနဲ့ မြန်မာအကြား နယ်စပ်တလျှောက် ခြံစည်းရိုးခတ်မယ့် အိန္ဒိယဗဟိုအစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်ကြောင်း (Nagaland) နာဂလန်းပြည်နယ်လွှတ်တော်က မတ်လ ၁ ရက်၊ သောကြာနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ခရိုင်နဲ့ ထိုင်းအလယ်ပိုင်း အယုဒ္ဓယမြို့နယ်ထဲမှာ ထိုင်းမြောက်ပိုင်းကသယ်ဆောင်လာတဲ့စိတ်ကြွဆေးပြား ၁၈သန်းလောက်ဒီရက်ထဲဖမ်းမိခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု ရသူစာရင်းကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့မှာ ကြေညာလိုက်ပြီး မြန်မာအမျိုးသမီး ဒေါ်မဉ္ဇူဝင်းလည်း ဆုရရှိသူ စာရင်းထဲမှာ ပါဝင်ပါတယ်။ ဒေါ်မဉ္ဇူဝင်းဟာ ပြစ်မှုဆိုင်ရာ ရှေ့နေဖြစ်ပြီး တရားရေးပိုင်းမှာ ကူညီပေးနေသူလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအနောက်ပိုင်း (ရခိုင်ပြည်နယ်က) တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိန်းချုပ်မှုလျော့ကျသွားပြီး AA အဖွဲ့က နယ်မြေတွေ တိုးပြီး သိမ်းပိုက်လာချိန်မှာ အန္ဒိယနိုင်ငံဘက်က ကိုယ်စားလှယ်အဖွဲ့ အခုလို သွားရောက် တွေ့ဆုံတာပါ။
ဂျပန်အစိုးရက ရက်ရက်ရောရော ကူညီပံ့ပိုးပေးတဲ့ ဒေါ်လာ ၂.၇ သန်းကို Cox’s Bazar ခရိုင်နဲ့ Bhasan Char ကျွန်းတို့မှာ ရှိနေကြတဲ့ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် သက်ကြီးရွယ်အို ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကူညီ ထောက်ပံ့ပေးမှုတွေ တိုးချဲ့ဆောင်ရွက်နေတယ်လို့ UNICEF ကုလသမဂ္ဂ ကလေးငယ်များ ရံပုံငွေအဖွဲ့က ပြောပါတယ်။
မြန်မာ၊ ဆူဒန်၊ ယူကရိန်း စတဲ့နိုင်ငံတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို ကမ္ဘာ့လူဦးရေထက်ဝက်လောက် မဲဆန္ဒတွေပေးကြမယ့် ရွေးကောက်ပွဲတွေဟာ ကမ္ဘာ့လွတ်လပ်မှုကို အဆုံးအဖြတ်ပေးဖို့ အရေးပါတယ်လို့ Freedom House ရဲ့ ကမ္ဘာ့လွတ်လပ်မှုဆိုင်ရာ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာရုံစိုက်ခံရတဲ့ ကမ္ဘာ့နိုင်ငံရေးတွေနဲ့ဝေးရာမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ မပြီးဆုံးနိုင်တဲ့ အိပ်မက်ဆိုးတခုလို အသွင်ပြောင်းသွားခဲ့တယ်လို့ ပြောဆိုသွားပါတယ်။
ကချင်ပြည်နယ်က မြို့အားလုံးနီးပါး ဒီကနေ့ နေ့ခင်းကစတင်ပြီး တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။ လောလောဆည် ဖားကန့်နဲ့ မံစီ စတဲ့မြို့ဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ချိန် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။
အခုလို တွေ့ဆုံမှုအခမ်းအနားဖြစ်လာရတာက နွေဦးတော်လှန်ရေးအပေါ် မြန်မာလူထုထောက်ခံမှုက အားကောင်းလွန်းတာကြောင့်ဖြစ်တယ်လို့ ဦးမြင့်ဝေကသုံးသပ်ပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာစစ်တပ်က ထွက်ပြေးလာသူ၊ လက်နက်ချသူ နှစ်သောင်းလောက် ရှိတဲ့အကြောင်းနဲ့ ဒီထက်လည်း ပိုနိုင်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်