ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ဆိုက်ဘာ အွန်လိုင်းလိမ်လည်တဲ့ ရာဇဝတ်လုပ်ငန်းတွေရှိရာ KK Park မြို့သစ်စီမံကိန်းမှာ ယူဂန်ဒါနိုင်ငံသား ၃၀ လောက်ပိတ်မိနေပြီး အတင်းအကျပ်စေခိုင်းခံနေရတယ်လို့ ယူဂန်ဒါအစိုးရက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ မတည်မငြိမ်ဖြစ်အောင် နည်းပရိယာယ်အမျိုးမျိုးနဲ့ ကာလကြာရှည်ကတည်းက မြန်မာဘက်က ကြိုးစားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ရာဇ၀တ်မှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ (RAB) ညွှန်ကြားရေးမှူးချုပ် M Khurshid Hossain က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ယူကရိန်း၊ ဆူဒန်၊ ဂါဇာ စတဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာနေရာတွေမှာ နိုင်ငံတကာ ဥပဒေကို မျက်ကွယ်ပြုနေတဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လာနေတဲအကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က သတိပေးပြောဆိုသွားပါတယ်။
ပဲခူးတိုင်း ဝေါမြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေး နဲ့ လူငယ် ကိုအောင်ကိုဟိန်းတို့သေဆုံးသွားပြီဆိုတဲ့ ဖြစ်ရပ်ကို မမေ့ဖို့ အောင့်မေ့ဖွယ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဒီကနေ့ (ဖေဖေါ်၀ါရီလ ၂၆) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
လူထုတွေ နေရပ်ပြန် နေထိုင်ဖို့ မသင့်တော်သေးပေမဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC)နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ ပူးပေါင်းပြီး ကြိုးစားလုပ်ဆောင်နေပြီလို့လည်း IEC က ဆိုပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် တော်တော်များများမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ရမ်းဗြဲမြို့မှာဆိုရင်လည်း ဒီကနေ့အထိ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တမြို့လုံး နီးပါးပျက်စီးနေတာပါ။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို လေကြောင်းကတိုက်ခိုက်တာကြောင့် နေအိမ် ၈လုံးမီးလောင်ခဲ့ပြီး ထမ်းဆမ်းဂူအနီး ကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
ထိုင်း၊ မြန်မာနယ်စပ် တာချီလိတ်မြို့က အွန်လိုင်းလောင်းကစားတွေလုပ်ကိုင်နေတဲ့နေရာကို မြန်မာစစ်တပ်က ဝင်ရောက်ဖမ်းဆီးရာမှာ ထိုင်းနိုင်ငံသား ၁၄၈ ဦး အဖမ်းခံခဲ့ရတယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
"လေယာဉ်ကတော့ ၇ ကြိမ် ၈ ကြိမ်လောက်လာသွားတယ်။ ဘယ်လိုဗုံးတွေ ကြဲချသလဲတော့မသိဘူး။ အသံကတော့ အတော်ကျယ်တယ်။ မြေကြီးတွေဆိုလည်း တုန်ခါသွားတဲ့သဘောမှာရှိတယ်။ အသံတွေကလည်းဆူညံနေတာပဲ။ လေယာဉ်တွေကလည်း တောက်လျှောက်လာတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ (ဒေသခံ)
၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဝါရှင်တန်မြို့တော်တဝိုက်က ချင်းတိုင်းရင်းသားတွေက ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို မမေ့ဖို့အပြင် မြန်မာနိုင်ငံအတွင်းက အကြပ်အတည်းအမျိုးမျိုးနဲ့ အတိဒုက္ခရောက် နေတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည်တွေကိုကူညီဖို့ ကျင်းပကြောင်း အခမ်းအနားစီစဉ်သူတွေက ပြောပါတယ်။
နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံတွေကို ရောင်းချမှုနဲ့ ပတ်သက်ခဲ့ကြောင်း သတင်းတွေဟာ မှန်ကန်မှုမရှိကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ငြင်းဆန်လိုက်ပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးလင်းသန့် ကို အိုင်ယာလန်နိုင်ငံ အခြေစိုက် သံတမန်ရေးရာအဖွဲ့က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်