ကရင်ပြည်နယ်၊ ကော့ကရိတ်-မြ၀တီ-သင်္ကန်းညီနောင် စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသာလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတွေ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မူတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အပူလှိုင်းဒဏ်ဖြတ်တဲ့ ဒဏ်ကို ခံစားနေကြရပါတယ်။ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေကို ဖြတ်နေတဲ့ အပူလှိုင်းကြောင့် လွန်ကဲတဲ့ပူပြင်းမှုကို ခံစားနေကြရပြီး ဖိလစ်ပိုင်မှာဆိုရင် ကျောင်းတွေပိတ်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံတဲ့ နယ်ခြားစောင့်တပ်နဲ့ စစ်တပ်အရာရှိ ၂၀၀ လောက် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေသလို မြန်မာဘက်က ဖမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကျော်ကိုလည်း ပြန်ပို့ပေးဖို့ တောင်းဆိုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်ဟာ စံချိန်တင် များပြားလာနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောလိုက်ပါတယ်။
၂၀၂၄ ခုနှစ် မြန်မာနိုင်ငံတဝန်း အတိဒုက္ခရောက်နေသူတွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီပေးဖို့ ဒေါ်လာ သန်းပေါင်း ၉၉၀ ကျော် တောင်းဆိုထားတဲ့ ထဲက ၄ ရာခိုင်နှုန်းသာ အကူအညီရသေးတဲ့အကြောင်း UNOCHA ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် မံစီမြို့နယ်က ဆက်သွယ်ရေးအရ အရေးပါတဲ့ ဟန်ထက်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီး ဒေသတွင်းက အရပ်သားပြည်သူတွေကတော့ စစ်ဘေးလွတ်ရာကို တိမ်းရှောင် နေကြရပါတယ်။
မလေးရှားနိုင်ငံက တယ်လီဆက်သွယ်ရေးနဲ့ တာဝါတိုင် ဝန်ဆောင်မှု ကုမ္ပဏီ Axiata Group က သူ ပေါင်းစပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံအတွင်းက Edotco Myanmar Ltd အစုစပ်ပိုင်ဆိုင်မှု အားလုံးကို ဒေါ်လာ သန်း ၁၅၀ နဲ့ ရောင်းချတော့မယ့်အကြောင်း ကြာသပတေးနေ့မှာ ကြေညာပါတယ်။
လာမယ့်ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာလုပ်မယ့် အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီဘက်က အလယ်အလတ်အဆင့်ရှိတဲ့ အရာရှိတယောက်ကို ဖိတ်ကြားဖို့ နယူးဇီလန် အစိုးရသစ်က ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလို ကန့်ကွက်မှုတွေ ဖြစ်လာတာပါ။
"မြန်မာလူသားချင်းစာနာမှုအကူအညီ ၁၉သန်းနီးပါးလိုအပ်" UNOCHA
မြန်မာနယ်စပ်တလျှောက် တရုတ်စစ်တပ်လုံခြုံရေးအဆင့်တိုးမြှင့်သတ်မှတ်
ကိုယ့်ပြည်သူတွေ အပေါ်ကိုယ်ပြန်ပြီး အကြမ်းဖက်နေတဲ့ မြန်မာနဲ့ အီရန်အစိုးရတွေအပေါ် ဖိအားပေးဖို့ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီက ကြာသပတေးနေ့မှာ သဘောတူညီမှုရခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နယူးယောက်မြို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးနေကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးနေတာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်