KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအသီးသီးမှာ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ်မှာဆိုရင် ဒီကနေ့ တိုက်ပွဲတွေ အတော်ပြင်းထန်ကြောင်း မျက်မြင်သက်သေတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်းပါတဲ့ ၂၀၂၄ခုနှစ် အမေရိကန် အစိုးရအသုံးစရိတ်ကို လွှတ်တော်နှစ်ရပ်လုံးက စနေနေ့က အတည်ပြုပြီးပြီချင်း သမ္မတဘိုင်ဒန်ကလည်း ချက်ချင်း လက်မှတ်ရေးထိုး ပြဌာန်းလိုက်ပါပြီ။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲမှာ လူထုဆန္ဒနဲ့အညီ ရပ်တည်ဖို့နဲ့ ပအို၀်းတိုင်းရင်းသားတွေ ညီညွတ်ဖို့ စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ PNO / PNA ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ကို PNFC ဥက္ကဌ ခွန်မြင့်ထွန်းက အခမ်းအနား မိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။
မြန်မာနိုင်ငံမှာ ဒေါ်လာဈေးနဲ့ သွင်းကုန် ထိန်းချုပ်ထားတဲ့အတွက် ကုန်ထုတ်လုပ်မှုထိခိုက်ပြီး နိုင်ငံခြားဝင်ငွေနည်းပါး နေရာကနေ အခု စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လုပ်သားဈေးကွက်ကိုပါ ထိခိုက်လာကာ ကုန်ဈေးနှုန်း တက်တဲ့အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ စီးပွားရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ ကိုဝင်းမင်းတင်ပြထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ်ရှိရာ တပ်မဟာ (၇) နယ်မြေ၊ ဘားအံခရိုင်၊ နဘူးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ရင်ကွဲတောင်စခန်းကို မတ်လ ၂၃ရက်နေ့မနက်အစောပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ပူးပေါင်းတပ်တွက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄ စက်တင်ဘာလကုန်အထိ အကျုံးဝင်တဲ့ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်ကို လွှတ်တော်မှာ အတည်ပြုလိုက်နိုင်ပြီမို့ မကြာခင် သမ္မတ Joe Biden လက်မှတ်ထိုး ပြဌာန်မယ်လို့ မျှော်လင့်ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်မှာ ရိုဟင်ဂျာ အလောင်းနှစ်လောင်း ဒီကနေ့ ဆယ်ယူခဲ့ပြီး ပင်လယ်ထဲ ပေါလောပေါ်နေတဲ့ မဆယ်နိုင်သေးတဲ့ နောက်ထပ် အလောင်းတချို့လည်း တွေ့ထားတယ်လို့ ဒေသခံ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
သင်္ကြန်ပိတ်ရက် နေရပ်ပြန်ကြမဲ့ ရန်ကုန်မြို့က ရွှေပြည်သာနဲ့ လှိုင်သာယာ စက်မှုဇုံက စက်ရုံဝန်ထမ်းတွေကို ခရီးသွား ထောက်ခံစာသဘောမျိုး စက်ရုံတချို့က ထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်။
တိုက်ပွဲမရှိတဲ့ မြေပုံမြို့ကရွာ လေကြောင်းပစ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ AA အနေနဲ့ ပြည်နယ်မြို့တော် စစ်တွေနားတဝိုက် အရင် ဝိုင်းထားပြီး၊ အခု တောင်ပိုင်းက စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ဖက်ကို ဦးတည်တိုက်နေချိန် ခုလို လေကြောင်းက ပစ်ခံရတာလို့ နီးစပ်သူတွေက ဆိုပါတယ်။
မရေရာတဲ့ လူမှုစီးပွားရေး အခြေအနေတွေကြောင့် ပိရမစ်ပုံစံ စီးပွားရေးလို့ခေါ်တဲ့ Multi-level Marketing (MLM) ဆင့်ပွားဈေးကွက်စီးပွားရေးဟာ မြန်မာပြည်တွင်းမှာ တကြော့ပြန် ကြီးထွားလာတယ်လို့ ဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းကို AA ရခိုင်တပ်တော် စစ်ဆင်ရေးတိုးချဲ့နေချိန်၊ တိုက်ပွဲမရှိတဲ့ မြေပုံမြို.ကရွာ လေကြောင်းပစ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar ဟာ သောကြာနေ့က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အလောင်ကီအို ကစ်တီဟွန်း (Alounkeo Kittikhoun)နဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံကာ မြန်မာ့နိုင်ငံရဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်