အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်မှာ စက်လှေမှောက်ပြီး ပျောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ရှာဖွေတာတွေ ရပ်လိုက်ပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ ဒုက္ခသည် ဒါဇင်နဲ့ချီ ပင်လယ်ရေလှိုင်းနဲ့ မျောပါ သွားခဲ့တယ်လို့ အသက်ရှင် ကျန်ရစ်သူတွေက ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာစရာ အခြေအနေတွေ ယိုယွင်းလာနေတာ၊ မြန်မာပြည်သူတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ ခံစားနေရတဲ့အပေါ် အင်မတန် စိုးရိမ်စရာဖြစ်တယ်လို့ ဗြိတိန်နဲ့ ဩစတြေးလျ ၂ နိုင်ငံက ပြောကြားလိုက်ပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့သလို လူထိခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ လာမယ့်ရက်တွေအတွင်း မိုးရွာသွန်းနိုင်ခြေ ဆက်ရှိနေသေးတယ်လို့လည်း မိုးဇလက ပြောပါတယ်။
မိုးမောက်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၄ နေရာကို KIA က ကြာသပတေးနေ့ မနက်ပိုင်းက တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီးနောက် နွယ်လန်း အခြေစိုက် ခမရ ၄၃၈ တပ်စခန်းနဲ့ အမှတ် ၆၁၆ ဒုံးတပ်ရင်းတို့ကို ညနေပိုင်းမှာ သိမ်းယူခဲ့ပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မတ်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်၊ ပန်ခလန် ကျေးရွာဘက်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄၈ ဦးကို ထိုင်းအာဏာပိုင်က မနေ့က ပြန်ပို့လိုက်ပါတယ်။
အောက်တိန်း (95)ရဲ့ ဆိုင်စျေးနှုန်းဟာ တလီတာကို ၂,၉၀၀ ဖြစ်လာကြောင်း ရန်ကုန်နဲ့ မန္တလေးက ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတချို့က ပြောပါတယ်။ စျေးတက်ပေမဲ့ ရန်ကုန်မှာ အောက်တိန်းဆီကို လိုသလောက် ဝယ်လို့မရဘဲ အချိန်ကြာကြာ တန်းစီနေရပြီး၊ နယ်တွေမှာတော့ ပြင်ပဆိုင်တွေမှာ တလီတာကို ၄,၀၀၀ လောက်အထိရောင်းချနေတာပါ။
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိ ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ ဆေးရုံကို ဒီမနက် ၁၀ နာရီလောက် စစ်ကောင်စီ လေယာဉ် ၂စင်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံဝန်ထမ်းတချို့ သေဆုံးပြီး အရပ်သားတချို့ ပြင်းပြင်း ထန်ထန်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
“လေယာဉ်နဲ့ ဗုံးလာကြဲတာကတော့ ဒီကနေ့ မနက် ၈ နာရီ ၁ဝ မိနစ်မှာပေါ့နော်၊ သေဆုံး တာကတော့ ကလေးက ၄ ယောက်ပါတယ် အမျိုးသမီးတယောက် ပါတယ်၊ ဒဏ်ရာရတာကတော့ အားလုံးပေါင်း ၉ ယောက်ပါခင်ဗျာ။ လက်နက်ကြီးက ရွာထဲကို ကျတာပါခင်မျာ။ လက်ရှိမှာတော့ ဒဏ်ရာရတဲ့သူတွေကိုတော့ တိမ်ညိုဆေးရုံပို့ပြီးတော့ ဆေးကုသမှု ခံယူနေပါတယ်။”(ဒေသခံ)
မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလွန်ကာလမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ့်ဆန္ဒနဲ့အညီ နေရပ်ပြန်နိုင်ဖို့ အခွင့်အလမ်းတွေရှိလာရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲပြီး ကူညီဆောင်ရွက်သွားဖို့ USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ပြည်ထောင်စုကော်မရှင်က တိုက်တွန်းပါတယ်။
မြန်မာလူငယ်တွေကို စစ်တပ်ထဲ အတင်းအကြပ်သွပ်သွင်းမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်မှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဝေဖန်ရှုတ်ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Matthew Miller က သူ့ကိုယ်ပိုင် X လူမှုမီဒီယာပေါ်မှာ ရေးပါတယ်။
စစ်ဘေးရှောင်နဲ့ ဒေသခံတွေ ခိုလှုံခိုနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲမြို့နယ်မှာ စားနပ်ရိက္ခာ ကျပ်တည်းခက်ခဲတဲ့အပြင် အကြီးအကျယ်ရေရှားပါးတဲ့ဒဏ်ကိုလည်းရင်ဆိုင်နေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်နဲ့ အကူအညီပေးသူတွေက ဗွီအိုအေကို ပြောပါတယ်။
“ကျေကျေနပ်နပ်ပေးရတာမဟုတ်ဘူး။ ကြောက်လို့ပေးရတာ။ နောက်တခုက စစ်မှုထမ်းမယ့်ကလေးတွေကို ပြည်သူတွေက ကျေကျေနပ်နပ်ပေးတာမဟုတ်ဘဲနဲ့ ကျေးရွာအလိုက် မတူညီဘဲနဲ့ ကျေးရွာအလိုက် နယ်မြေအလိုက် မတူညီဘူး။ တချို့ကျေးရွာတွေဆို အိမ်ထောင်စုတစုကို ၅,၀၀၀ ပေးရတယ်။ တချို့က ၁၀,၀၀၀ ပေးရတယ်။"(မင်းဘူးဒေသခံ)
နောက်ထပ်ကြည့်ရှုရန်