ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့အနီးက ဘွမ်ရဲဘွမ် စခန်းမှာ ဒီကနေ့ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ခုခံ တိုက်ခိုက်နေပါတယ်။
ရာမာဒါန်လဟာ အစ္စလာမ်သာသာဝင်တွေရဲ့ ဥပုသ်လဖြစ်ပြီး ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်းဝတ်ပြုဆုတောင်းပွဲတွေကို သက်ဆိုင်ရာ ဗလီတွေမှာ ပြုလုပ်နေကြတာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို လာမယ့် မတ်လ ၂၀ ရက်မှာလေလံတင်ရောင်းချသွားဖို့ တရားရုံးအမိန့်ချတာကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ပြင်ဆင်ပေးဖို့ တင်သွင်းခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတာကြောင့် နေအိမ်တွေ မီးရှို့ခံနေရသလို အရပ်သား သေဆုံးတာတွေလည်း ရှိနေပါတယ်။ ကျေးရွာတွေထဲမှာ စစ်တပ် စစ်ကြောင်း ရှိနေတဲ့အတွက် ဒေသခံတွေ နေရပ်မပြန်နိုင်ဘဲ တိမ်းရှောင်နေရပါတယ်။
မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံအတွင်းကို ထွက်ပြေး ဝင်ရောက်လာသူတွေကို အိန္ဒိယတာဝန်ရှိသူတွေ အတင်းအကျပ် နေရပ်ပြန်ပို့ဖို့ ကြိုးစားတာဟာ တာဝန်မဲ့တဲ့ လုပ်ရပ် ဖြစ်တဲ့အကြောင်းနဲ့ ပြန်ပို့တာတွေ ချက်ချင်းရပ်ဖို့ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီသီတင်းပတ်ထဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၇၇ ယောက်ကို ပြန်လည်လွှဲပြောင်းပေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ် စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေက ဖော်ပြနေကြတာပါ။
ထိုင်း-မြန်မာ-လာအိုဝ် ဆုံရာရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြား ၁၀ သန်းကို နကွန်စဝမ်ခရိုင်ထဲမှာ မတ်လ ၁၁ ရက်နေ့က ကုန်တင်ကားနဲ့သယ်လာတုန်း ဖမ်းမိခဲ့ပါတယ်။ ဒီရက်ပိုင်းမှာပဲ ကာလတန်ဖိုးဘတ်ငွေ သန်းပေါင်း ၂,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂၇ သန်းကျော်ဖမ်းမိခဲ့ပါတယ်။
"ပြေးနေရတာက မင်းကုန်း၊ တဇယ်ချောင်၊ ညောင်ပင်ဝန်း၊ ပန်းဆိုင်း၊ ငါးဖျက်၊ မုဌော၊ လေယာဉ်က ပတ်ပစ်တယ်။ မင်းကုန်း တဇယ်ချောင်လည်း ပတ်ပစ်တယ်။ တနေ့က မုဌောကိုလည်း ပစ်တယ်လေ။ စစ်ဘေးရှောင်တွေက ဘေးကင်းမယ်ထင်တဲ့နေရာတွေကို ပို့ပေးထားတာ။” (ကနီ ဒေသခံ)
ရခိုင် စစ်တွေမှာ ရိုဟင်ဂျာတွေကို စစ်ကောင်စီက စစ်သင်တန်းတွေပေးနေကြောင်း ဒေသခံရိုဟင်ဂျာတွေက အတည်ပြုပြောကြားပါတယ်။ ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက လိုသလို အသုံးချနေတဲ့ အခြေအနေဟာ အန္တရာယ်ကြီးမားကြောင်း NUG လူ့အခွင့်အရေး ဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ကို သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော်က AA က ကြေညာလိုက်ပြီးနောက် စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ AA အဖွဲ့ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် တချို့မှာလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲအတွင်း လွှတ်တော်နေရာ အများစု အနိုင်ရထားတဲ့၊ ပြုပြင် ပြောင်းလဲရေး လိုလားတဲ့ Move Forward ပါတီ ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးကို တောင်းဆိုမယ်လို့ ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
မြဝတီမြို့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ဖလူးတပ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေက မတ်လ ၁၁ ရက်၊ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ဒေသခံကျေးရွာသားတွေ ထောင်နဲ့ချီပြီး သောင်ရင်းမြစ်အနီးကသဲသောင်တွေထိ ထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်