အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄ စက်တင်ဘာလကုန်အထိ အကျုံးဝင်တဲ့ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်ကို လွှတ်တော်မှာ အတည်ပြုလိုက်နိုင်ပြီမို့ မကြာခင် သမ္မတ Joe Biden လက်မှတ်ထိုး ပြဌာန်မယ်လို့ မျှော်လင့်ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်မှာ ရိုဟင်ဂျာ အလောင်းနှစ်လောင်း ဒီကနေ့ ဆယ်ယူခဲ့ပြီး ပင်လယ်ထဲ ပေါလောပေါ်နေတဲ့ မဆယ်နိုင်သေးတဲ့ နောက်ထပ် အလောင်းတချို့လည်း တွေ့ထားတယ်လို့ ဒေသခံ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
သင်္ကြန်ပိတ်ရက် နေရပ်ပြန်ကြမဲ့ ရန်ကုန်မြို့က ရွှေပြည်သာနဲ့ လှိုင်သာယာ စက်မှုဇုံက စက်ရုံဝန်ထမ်းတွေကို ခရီးသွား ထောက်ခံစာသဘောမျိုး စက်ရုံတချို့က ထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်။
တိုက်ပွဲမရှိတဲ့ မြေပုံမြို့ကရွာ လေကြောင်းပစ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ AA အနေနဲ့ ပြည်နယ်မြို့တော် စစ်တွေနားတဝိုက် အရင် ဝိုင်းထားပြီး၊ အခု တောင်ပိုင်းက စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ဖက်ကို ဦးတည်တိုက်နေချိန် ခုလို လေကြောင်းက ပစ်ခံရတာလို့ နီးစပ်သူတွေက ဆိုပါတယ်။
မရေရာတဲ့ လူမှုစီးပွားရေး အခြေအနေတွေကြောင့် ပိရမစ်ပုံစံ စီးပွားရေးလို့ခေါ်တဲ့ Multi-level Marketing (MLM) ဆင့်ပွားဈေးကွက်စီးပွားရေးဟာ မြန်မာပြည်တွင်းမှာ တကြော့ပြန် ကြီးထွားလာတယ်လို့ ဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းကို AA ရခိုင်တပ်တော် စစ်ဆင်ရေးတိုးချဲ့နေချိန်၊ တိုက်ပွဲမရှိတဲ့ မြေပုံမြို.ကရွာ လေကြောင်းပစ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar ဟာ သောကြာနေ့က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အလောင်ကီအို ကစ်တီဟွန်း (Alounkeo Kittikhoun)နဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံကာ မြန်မာ့နိုင်ငံရဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ အတွက် အမေရိကန်နိုင်ငံမှာ (TPS) ယာယီနေထိုင်ခွင့် ကိုနောက်ထပ် တနှစ် သက်တမ်း ထပ်တိုးလိုက်တယ်လို့ အမိမြေလုံခြုံရေး ဝန်ကြီး Alejandro N. Mayorkas က မတ်လ ၂၂ ရက် သောကြာနေ့မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကစ်တီဟွန်းနဲ့ Jaishankar တို့ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေတွေနဲ့ သူ့အိမ်နီးချင်း နိုင်ငံတွေအပေါ် ရိုက်ခတ်မှုတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပြီး ဒီဆွေးနွေးမှုဟာ ပွင့်လင်းပြီး အသုံးဝင်ကြောင်းအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက လူမှုမီဒီယာ X မှာ ရေးပါတယ်။
အမေရိကန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ အနေနဲ့ အမေရိကန်မှာ ယာယီ အကာအကွယ်ပေး နေထိုင်ခွင့်အဆင့် (TPS) အတွက် လျှောက်ထားဖို့ ၂၀၂၁ ခုနှစ်ကစတင် ခွင့်ပြုခဲ့တာ ဖြစ်ပြီး ခုချိန်အထိ အန္တရာယ်ကြီးနေသေးတာကြောင့် ၂၀၂၅ နိုဝင်ဘာ ၂၅ ရက်အထိ သက်တမ်းတိုးပေးမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
မရေရာတဲ့ လူမှုစီးပွားရေးအခြေအနေတွေကြောင့် ပိရမစ်ပုံစံ စီးပွားရေးလို့ခေါ်တဲ့ Multi-level Marketing (MLM) ဆင့်ပွားဈေးကွက်စီးပွားရေးဟာ မြန်မာပြည်တွင်းမှာ တကြော့ပြန် ကြီးထွားလာတယ်လို့ ဒီလုပ်ငန်းနဲ့ နီးစပ်သူတွေကပြောပါတယ်။ အခုဆိုရင် ပြည်ပရောက် မြန်မာအလုပ်သမားတွေအထိ ဒီလုပ်ငန်းက ကျယ်ပြန့်လာကြောင်းပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်မှာ စက်လှေမှောက်ပြီး ပျောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ရှာဖွေတာတွေ ရပ်လိုက်ပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ ဒုက္ခသည် ဒါဇင်နဲ့ချီ ပင်လယ်ရေလှိုင်းနဲ့ မျောပါ သွားခဲ့တယ်လို့ အသက်ရှင် ကျန်ရစ်သူတွေက ပြောဆိုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်