မြန်မာနိုင်ငံအနောက်ပိုင်း (ရခိုင်ပြည်နယ်က) တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိန်းချုပ်မှုလျော့ကျသွားပြီး AA အဖွဲ့က နယ်မြေတွေ တိုးပြီး သိမ်းပိုက်လာချိန်မှာ အန္ဒိယနိုင်ငံဘက်က ကိုယ်စားလှယ်အဖွဲ့ အခုလို သွားရောက် တွေ့ဆုံတာပါ။
ဂျပန်အစိုးရက ရက်ရက်ရောရော ကူညီပံ့ပိုးပေးတဲ့ ဒေါ်လာ ၂.၇ သန်းကို Cox’s Bazar ခရိုင်နဲ့ Bhasan Char ကျွန်းတို့မှာ ရှိနေကြတဲ့ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် သက်ကြီးရွယ်အို ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကူညီ ထောက်ပံ့ပေးမှုတွေ တိုးချဲ့ဆောင်ရွက်နေတယ်လို့ UNICEF ကုလသမဂ္ဂ ကလေးငယ်များ ရံပုံငွေအဖွဲ့က ပြောပါတယ်။
မြန်မာ၊ ဆူဒန်၊ ယူကရိန်း စတဲ့နိုင်ငံတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို ကမ္ဘာ့လူဦးရေထက်ဝက်လောက် မဲဆန္ဒတွေပေးကြမယ့် ရွေးကောက်ပွဲတွေဟာ ကမ္ဘာ့လွတ်လပ်မှုကို အဆုံးအဖြတ်ပေးဖို့ အရေးပါတယ်လို့ Freedom House ရဲ့ ကမ္ဘာ့လွတ်လပ်မှုဆိုင်ရာ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာရုံစိုက်ခံရတဲ့ ကမ္ဘာ့နိုင်ငံရေးတွေနဲ့ဝေးရာမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ မပြီးဆုံးနိုင်တဲ့ အိပ်မက်ဆိုးတခုလို အသွင်ပြောင်းသွားခဲ့တယ်လို့ ပြောဆိုသွားပါတယ်။
ကချင်ပြည်နယ်က မြို့အားလုံးနီးပါး ဒီကနေ့ နေ့ခင်းကစတင်ပြီး တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။ လောလောဆည် ဖားကန့်နဲ့ မံစီ စတဲ့မြို့ဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ချိန် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။
အခုလို တွေ့ဆုံမှုအခမ်းအနားဖြစ်လာရတာက နွေဦးတော်လှန်ရေးအပေါ် မြန်မာလူထုထောက်ခံမှုက အားကောင်းလွန်းတာကြောင့်ဖြစ်တယ်လို့ ဦးမြင့်ဝေကသုံးသပ်ပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာစစ်တပ်က ထွက်ပြေးလာသူ၊ လက်နက်ချသူ နှစ်သောင်းလောက် ရှိတဲ့အကြောင်းနဲ့ ဒီထက်လည်း ပိုနိုင်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ပြောဆိုပါတယ်။
အနာဂါတ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ပညာရပ်တွေ သင်ကြားဖို့ မြန်မာကျောင်းသူ ကျောင်းသား ထောင်နဲ့ချီအတွက် ပညာတော်သင်ဆုပေးအပ်မယ့် အစီအစဥ်သစ်နဲ့ ပတ်သတ်ပြီး USAID နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
မုံရွာမြို့၊ ကျောက်စစ်ပုံ အမြောက်တပ် ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေ မီးရှို့ခံနေရပြီး ရွာသူရွာသားတွေ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြန်အလှန် တိုက်ပွဲမရှိပေမယ့်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် အရပ်သားထိခိုက် သေဆုံးတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RCSS ရှမ်းလက်နက်ကိုင်အဖွဲ့ဆီကနေ လက်နက်အဆင့်ထိထုတ်နိုင်တဲ့ နျူကလီယား ကုန်ကြမ်းပစ္စည်းတွေရှိနေတယ်ဆိုတဲ့ အမေရိကန်တရားရေးဌာနရဲ့ စွဲချက်ပါ ဖော်ပြချက်ဂယက်ဟာ ရှမ်းပြည်သူတွေရော ရှမ်းနိုင်ငံရေးလောကထဲမှာပါ အကြီးအကျယ် ရိုက်ခတ်နေပါတယ်။
"အိမ်ကိုက မသွားတာကြာပြီ။ ကြောက်လို့။ သမီးမိန်းကလေးရှိတော့ ပိုဆိုးတယ်။ တော်လှန်ရေးအဖွဲ့ကိုမကြောက်ဘူး။ စစ်ကောင်စီပဲ။ သူများသားပျိုသမီးပျိုတွေကို မုဒိန်းကျင့်တာရှင့်။ အဲဒါကြောက်လို့၊ သမီးမိန်းကလေးရှိလို့ ကြောက်လို့ ရှောင်လာတာပါ။" (မိုးမိတ်မြို့ စစ်ရှောင်တဦး)
မြန်မာ့အကြပ်အတည်းပြေလည်ဖို့ ဆွေးနွေးမှုနဲ့ တခြားလုပ်သင့်တာတွေကို နိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့အဖွဲ့က လုပ်နေကြောင်း နိုင်ငံခြားရေးဌာန တောင်နဲ့ အလယ်ပိုင်းအာရှဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter က ဘင်္ဂလားဒေ့ရှ်ခ ရီးစဉ်အတွင်း Jamuna ရုပ်သံတွေ့ဆုံခန်းမှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်