ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကိုပြန်မယ့် ဒေသခံလူငယ်တချို့ ရန်ကုန် လေဆိပ်မှာ အဖမ်းရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းခဲ့ပြီးနောက် ပြည်မဘက်မှာ ရှိနေတဲ့ ရခိုင်လူငယ်တွေ နေရပ်ပြန်တဲ့အခါ မကြာခဏ ဖမ်းဆီးခံနေရတဲ့အကြောင်း မစုမြတ်မွန် တင်ပြပါမယ်။
KIO ကချင်အဖွဲ့ တပ်အနေနဲ့ ထိုးစစ်စလိုက်တာက၊ ဌာနချုပ်လိုင်ဇာကို ကြိုကာလိုက်တာအပြင် ကျန်တိုင်းရင်းသားဒေသတွေက ထိုးစစ်တွေ နဲ့ အချိန်ကိုက် မဟာဗျုဟာကျတဲ့ စစ်ဆင်ရေးကြီးလို့ သုံးသပ်သူတွေက ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသူတချို့လည်း ရှိတယ်လို့ ပြောပါတယ်။ အရပ်သားပြည်သူတွေ အနေနဲ့ လေကြောင်းရန် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အသိပညာနဲ့ ဗုံးခိုကျင်းတွေ တူးထားဖို့ လိုတယ်လို့လည်း ကာကွယ်ရေးရဲဘော်က ပြောပါတယ်။
ဒီနေ့ မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်တာနဲ့အတူ ကုလသမဂ္ဂက ဒီနှစ် ၂၀၂၄ ခုနှစ်မှာ “တိုးတက်မှုတွေ မြန်ဆန်ဖို့ အမျိုးသမီးများထံ ရင်းနှီးမြှပ်နှံကြစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ အမျိုးသမီးတွေရဲ့ ဆောင်ရွက်နိုင်စွမ်းကို ဂုဏ်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ လူသားချင်းစာနာတဲ့အကူအညီ လိုအပ်နေသူတွေအတွက် နောက်ထပ်အကူအညီပေးသွားမယ်လို့ ဂျပန်အစိုးရက ဒီနေ့ ကြေညာပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင် ကျေးရွာအုပ်စုမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၅၅ နဲ့ အနီးတဝိုက်မှာ KNLA-PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ မနေ့က မတ်လ ၇ ရက်ကစပြီး တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျောက်မှာ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ၂ ရက်တာတိုက်ပွဲအတွင်း KIA က စခန်းကြီး ၄ ခုလောက် အပါအဝင် စခန်းပေါင်း ၁၀ ခုကျော်လောက် သိမ်းယူခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ့အရေး ထိုင်းတာဝန်ရှိသူတွေနဲ့ မကြာသေးခင်က သွားရောက် ဆွေးနွေးခဲ့တဲ့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမြဲတမ်းအတွင်းဝန် Daneil Kritenbrink က မြန်မာဘက်ကနေ ထွက်ပြေးခိုလှုံလာသူတွေကို ကူညီစောင့်ရှောက်တဲ့ ထိုင်းကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဆိုတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၅၅ ကို မတ်လ ၇ ရက်နေ့ မနက်ကစပြီး KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ဖို့လုပ်ရင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AAအဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ တနေ့ထက်တနေ့ များပြားလာနေပြီး စားဝတ်နေ ရေးအပြင် ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကပြောကြားခဲ့ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်အတွင်း မြစ်ကြီးနား - ဗန်းမော် လမ်းတလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ဒီကနေ့မနက် အစောပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်