နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံတွေကို ရောင်းချမှုနဲ့ ပတ်သက်ခဲ့ကြောင်း သတင်းတွေဟာ မှန်ကန်မှုမရှိကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ငြင်းဆန်လိုက်ပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးလင်းသန့် ကို အိုင်ယာလန်နိုင်ငံ အခြေစိုက် သံတမန်ရေးရာအဖွဲ့က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။
ထိုင်းနိုင်ငံက မြန်မာ့အရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး လောလောဆယ်မှာတော့ ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုး မရှိသေးဘူးလို့ ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang ကပြောကြားခဲ့ပါတယ်။
မြန်မာနယ်စပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆီကနေ နျူကလီးယားပစ္စည်းတွေကို ဂျပန် Yakuza ယာကူဇာဂိုဏ်းခေါင်းဆောင်က တကယ်ရခဲ့တယ်ဆိုရင် မြန်မာအတွက်သာမက တကမ္ဘာလုံးအတွက်ပါ နျူကလီးယား အန္တရာယ်ရှိနေကြောင်း မြန်မာ သိပ္ပံပညာရှင်တဦးက သတိပေးလိုက်ပါတယ်။
ရခိုင်မှာ မွတ်ဆလင်လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းပြီး၊ ရခိုင်နဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ဖန်တီးဖို့ စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ AA ရခိုင်တပ်တော်က စွပ်စွဲလိုက်ပါတယ်။ ဒါကို စစ်ကောင်စီဘက်က ပယ်ချပြီး ၊ AA အနေနဲ့သာ မွတ်ဆလင်တွေကို သွားပြီး သိမ်းသွင်းနေတာလို့ ပြန်လည်စွပ်စွဲလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ ပြဌာန်းချက် ထွက်ပေါ်အပြီးမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေများလာတဲ့အတွက် တာ့ခ်ခရိုင်အတွင်း နိုင်ငံခြားသားဧည့်သည်တွေလာရင် ဧည့်စာရင်း တိုင်ကြားရမယ်လို့ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်ကြီးတာကြောင့် တချို့ဟာ ကျောင်းဆရာ၊ ဒါမှမဟုတ် ကျောင်းသားဖြစ်စေ ဈေးသည်ဖြစ်စေ အလုပ်တခုခုပြပြီး သတင်းထောက် အလုပ်ကို လုပ်နေကြရပါတယ်။
မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်ကြီးတာကြောင့် တချို့ဟာ ကျောင်းဆရာ၊ ကျောင်းသား ဈေးသည်အဖြစ်နဲ့ အလုပ်တခုခုပြပြီး သတင်းထောက်အလုပ်ကို ဆက်လုပ်နေကြရပါတယ်။ စစ်အာဏာသိမ်းခဲ့ချိန်ကစလို့ သတင်းသမားတွေ ရပ်တည်ဖို့ အန္တရာယ်ကြီးလာတာကြောင့် ပြည်ပထွက်ခွါသူတွေရှိသလို ပြည်တွင်းမှာပဲ ပုံးကွယ် လုပ်နေကြတာပါ။
ရိုဟင်ဂျာတွေအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်ချက်မှာ သုံးစွဲဖို့ ဂျပန်နိုင်ငံအနေနဲ့ မနှစ် ဇွန်လကပေးခဲ့တဲ့ ဒေါ်လာ ၄.၄ သန်းအပြင် ဒီနှစ်မှာ ထပ်တိုးပြီး WFP ကတဆင့် ၅.၄ သန်း ကူညီပေးဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Kiminori Iwama က ပြောပါတယ်။
ပဲခူးတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲ ၊ လက်နက်ကြီးများတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာကြောင့် ဒေသခံတဦး သေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာတွေရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်