မနက်ဖြန်ကျရောက်မယ့် တပ်မတော်နေ့/ တော်လှန်ရေးနေ့ စစ်ရေးပြပွဲမှာ လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ စွမ်းရည်ပြ အလေးပြု ပျံသန်းပြီး ထူးထူးခြားခြား ကျင်းပသွားမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ စစ်ရေးပြအခမ်းအနားကို နေပြည်တော်မှာ ရာသီဥတုအခြေအနေကြောင့် ညနေပိုင်းမှာ ကျင်းပမယ်လို့လည်းဆိုပါတယ်။
ကုန်းလော စခန်းကို တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် ကုန်းလောနဲ့ မြို့သစ်အနီးအနားက ကျေးရွာတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ထိခိုက်ဒဏ်ရာရတာတွေလည်းရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အဝင်အထွက် မြို့ပြင်နေရာတွေမှာ စစ်ကောင်စီအဖွဲ့တွေ စစ်ဆေးရေး တင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်း အဖွဲ့တွေ သိမ်းပိုက်ပြီးနောက် မြို့အဝင်အထွက်တွေ အခုလို တင်းကြပ်ထားတာလို့ ဒေသခံတွေက ယူဆနေကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ကြားက ကျေးရွာတွေကို စစ်တပ်ဘက်က နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးနဲ့ခင်ဦးမြို့မှာလည်း စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း အရပ်သား သေဆုံးတာတွေ ရှိခဲ့ပါတယ်။
ရိုဟင်ဂျာ ၁၅၀ လောက် လိုက်ပါလာတဲ့သစ်သားလှေတစီးဟာ ပြီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီး မှောက်သွားတာမှာ ရုပ်အလောင်း ၁၁ လောင်းကို ဆယ်ယူရရှိတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက မတ်လ ၂၅ ရက်နှောင်းပိုင်းက ပြောပါတယ်။
မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၅ ရက်၊ တနင်္လာနေ့က သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ မိသားစုဝင်တွေ အလံဖြူထောင်ပြီး အယောက် ၂၀ လက်နက်ချခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ကချင်ပြည်နယ်မှာ ဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်တွေ ကို KIA ပူးပေါင်းတပ်တွေက လိုက်လံတိုက်နေရာမှာ မိုးမောက်မှာ ဒီကနေ့ တိုက်ပွဲတွေ အတော်လေးပြင်းထန်ကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
ထိုင်းအစိုးရက စစ်ကောင်စီ တာ၀န်ရှိသူတွေလက်ထဲ စတင်လွှဲပြောင်းပေးခဲ့တဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဒုက္ခသည်တွေလက်ထဲရောက်ရှိဖို့မလွယ်ကြောင်း ကရင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေက ဗွီအိုအေကိုပြောပါတယ်။
မဲစာရင်းမှန်ကန်ရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ဒီနှစ်အတွင်းမှာ ပြီးနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ အခုလို ပြောဆိုမှုဟာ လက်တွေ့အနေအထားမှာ တကယ် အကောင်အထည်ပေါ်လာနိုင်ပါမလား။
ပြီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနီးမှာ ရိုဟင်ဂျာ ၁၅၀ လောက် လိုက်ပါလာတဲ့ သစ်သားလှေမှောက်သွားတာမှာ အနည်းဆုံးလူ ၅ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ဒီနေ့ပဲ ပြောပါတယ်။
မတ်လ ၂၄ ရက် မနက်ပိုင်းလောက်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းကို NMSP-AD၊ KNLAတော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ဝင်ရောက် တိုက်ခိုက်ရာက နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့ ဒီကနေ့အထိပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ ကော့ဘိန်းရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။
မတည်ငြိမ်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှေ့ပြေးအကူအညီတွေကို ဒီနေ့ပဲ စတင်ပေးခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မဲဆောက်မြို့နဲ့ မြဝတီမြို့ကနေတဆင့် ဘားအံမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တို့က နေရာ ၃ ခုကိုပေးပို့ခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်