ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉ ဦး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ သေကျေဒဏ်ရာရတာတွေ ရှိနေပါတယ်။ ပြည်နယ်မြို့တော် စစ်တွေမှာ ဆိုရင်လည်း အရပ်သား ၅ ဦးထက်မနည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် သင်္ဃန်းညီနောင်မှာ တိုက်ပွဲပြင်းထန်လာပြီးလေကြောင်းတိုက်ခိုက်မူတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်မူတွေ ရက်ကြာလာတဲ့အချိန်မှာ ထိုင်းနိုင်ငံ တာခ့်ရိုင် အတွင်းကမဲဆောက်မြို့အပါအဝင် နယ်စပ်တလျှောက်ကို မတ် ၉ ရက်နေ့ကစလို့ ထိုင်းစစ်တပ်က လုံခြုံရေးတွေ တိုးမြှင့် တင်းကျပ်ထားပါတယ်။
မြန်မာနိုင်ငံက စစ်ဘေးရှောင်ရင်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ဖမ်းဆီးခံထားရသူတွေကို နေရပ်ပြန်ပို့မယ့် အစီအစဉ်ဟာ ကန့်ကွက်မှုတွေကြား ရပ်ဆိုင်းထားလိုက်ရတယ်လို့ နယ်စပ်ဒေသအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ မိသားစုတွေက ပြောပါတယ်။
ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်အတွင်း မြစ်ကြီးနား - ဗန်းမော်လမ်း တလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ဒီလ ၇ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး၊ ဒီနေ့အထိ တပ်စခန်းအကြီး၊ အငယ် ၂၀ကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ် KIA က ကြေညာလိုက်တာ ဖြစ်ပါတယ်။
"ကျောင်းတွေက ကလေးတွေကို လက်ကိုလက်ခံရမယ်ဆိုတဲ့ ၂၀၀၅ တုန်းကထုတ်ပြန်ခဲ့တဲ့ဥပဒေကို ထပ်သတိပေးတဲ့အနေနဲ့ထုတ်လိုက်တဲ့စာ ဖြစ်တယ်။ အခုလိုထပ်သတိပေးရတဲ့အကြောင်းအရင်းက တချို့ကျောင်းတွေက ကလေးတွေကိုသိပ်လက်မခံဘူးဆိုတဲ့တွေ့ရှိချက်ကြောင့်ဖြစ်ပါတယ်" လို့ပြောသွားတာ ဖြစ်ပါတယ်။"( Mr. Surapong Kongchantuk )
စစ်တပ်ကမြေပြင်မှာ အာဏာသက်ရောက်မှု သိသိသာသာ လျော့နည်းလာချိန်မှာ လေကြောင်းကိုအားပြုပြီး တိုက်ခိုက်ရေးတွေ၊ စစ်ဆင်ရေးတွေ လုပ်တယ်ပေါ့နော်။ ဆိုတော့ ဒါတွေကိုရပ်တန့်နိုင်ဖို့ဆိုရင် ပထမဦးဆုံး အရေးတကြီးလိုအပ်တာက စစ်တပ်ဆီရောက်ရှိနေတဲ့ လေယာဉ်ဆီ ဖြတ်တောက်ရေးက အရမ်းအရေးကြီးတယ်ပေါ့။ (ပိုင်သုတ-Blood Money အဖွဲ့)
“ဖားဆောင်းမြို့ထဲမှာတော့ ထိတွေ့တိုက်ပွဲတွေက ရှိနေတုန်းပဲပေါ့နော်။ လောလောဆယ်မှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားတပ်တွေ သူတို့ရဲ့ ဒီမြို့ရဲ့ စေတီကုန်းကကုန်းစခန်းကနေ ပြန်ဆုတ်ပြီးတော့ သူတို့ အခြေစိုက်တပ်ရင်းတွေဘက်ကို ပြန်ပြီးတော့ ဆုတ်ခွာသွားတဲ့အခြေအနေမျိုးဖြစ်သွားပါပြီ။" (တာအယ်စိုး-KNDF) ရဲ့ ဗဟိုပြန်ကြားရေး)
ကရင်နီဒေသ ဖားဆောင်းမြို့မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကြား ပြီးခဲ့တဲ့လနှောင်းပိုင်းကစ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ အထိအခိုက်အကျအဆုံးတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီအတွက် လက်နက်ငွေကြေးထောက်ပံ့မှုကို နိုင်ငံတကာက ပစ်မှတ်ထား အရေးယူဖို့ မတ်လ ၈ ရက် ဂျနီဗာ ကုလသမဂ္ဂ ရုံးမှာ ပြုလုပ်တဲ့ သံတမန်ရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG က တောင်းဆိုလိုက်ပါတယ်။
မြဝတီမြို့နယ်မှာရှိတဲ့ သင်္ဃန်းညီနောင်ရဲစခန်းနဲ့ စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ ၃၅၅ ကိုသိမ်းပိုက်လိုက်တယ်လို့ KNU နဲ့ PDF ပူးပေါင်းတပ်တွေက ပြောပါတယ်။
မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင် အခြေစိုက်ခမရ ၃၅၅ တပ်ရင်းကို KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲတွေဘက်ကသိမ်းပိုက်ပြီးနောက် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ထားကြောင်း လက်နက် ၁၀၀ ကျော်ကိုသိမ်းဆည်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်