တရားဝင် နယ်စပ်ကုန်သွယ်ရေး မရှိသလောက် ဖြစ်နေတဲ့အခြေအနေမှာ မှောင်ခိုစျေးကွက်ကိုပဲ အားထားနေရတယ်လို့ ပြည်တွင်းက နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ ငွေတန်ဖိုး ပိုပြီး ကွာဟလာတာကြောင့်လည်း ပြည်တွင်းမှာ ကုန်စျေးနှုန်းတွေ ဆက်ပြီး တက်လာနိုင်တာကို လုပ်ငန်းရှင်တွေက ခန့်မှန်းထားတာပါ။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ နေရာတခုဖြစ်တဲ့ မြဝတီမြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးလာမယ်ဆိုရင် ဒုက္ခသည် တသိန်း အထိ ယာယီလက်ခံဖို့ ပြင်ဆင်ထားတဲ့အကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara က သတင်းထောက်တွေကို ပြောဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေ၊ စစ်ပွဲတွေ အခြေအနေနဲ့ နိုင်ငံရေးသမားတွေရဲ့ ထောင် တွင်းဖြတ် သန်းရတဲ့အခြေအနေ တွေကိုထင်ဟပ်စေမယ့် သံချပ်တွေကိုဒီနှစ်သင်္ကြန်သံချပ်မှာ အဓိက ဦးတည်သရော်ထားတယ်လို့ လူငယ်သံချပ်အဖွဲ့ တွေ က ပြောပါတယ်။
တရုတ်- မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခလရ ၁၄၂ တပ်ဖွဲ့ဝင်တွေဟာ မနေ့ညပိုင်းက တရုတ်နိုင်ငံဘက်ကို ဆုတ်ခွာသွားတဲ့နောက် ဒီမနက်မှာ KIA ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။
မြန်မာနိုင်ငံအခြေအနေဟာ ထိုင်းနိုင်ငံအတွက် အလွန် အရေးပါတဲ့ အနေအထားမှာ ရှိတာကြောင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ထိုင်းအစိုးရအနေနဲ့ ဘက်ပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိနေကြာင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ဒီကနေ့မှာ ပြောလိုက်ပါတယ်။
ရှမ်း-ကယားဒေသ မိုးဗြဲနဲ့ ဖားဆောင်းဒေသမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကရင်နီဒေသတပ်ပေါင်းစုတွေက စစ်ကောင်စီတပ်စခန်းတွေအပြင် မြို့သိမ်းဖို့ တိုက်ပွဲတွေပါ ဆင်နွှဲနေပါတယ်။
ရတနာဓာတ်ငွေ့စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ Chevron ကုမ္ပဏီက မြန်မာနိုင်ငံတွင်းရင်းနှီးမြှပ်နှံမှုတွေကို လုံးဝရုပ်သိမ်းလိုက်ပြီလို့ မြန်မာ့အရေးစောင့်ကြည့်နေတဲ့ Justice for Myanmar က ထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ဓမ္မသကျေးရွာကို ဒီကနေ့မှာ စစ်ကောင်စီ လေယာဉ်က လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေယာဥ်နဲ့ ပစ်ခတ်တာကြောင့် ရွာ မီးလောင်တာကို တဖက်ကမ်းကနေ မြင်နေရတယ်လို့ လည်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
မြဝတီမှာ မကြာသေးခင်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့က လက်နက်ချခဲ့တဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်ပို့ရေး စစ်ကောင်စီက စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေပေမဲ့၊ KNU နဲ့ပူးပေါင်းတပ်ဖွဲတွေကို ညှိနှိုင်းတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆောက်အဦး အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ မြင်းခြံမြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး အတွင်း အရပ်သား ၃ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်တွေမီးရှို့ခံရတာတွေရှိနေပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းက ရှားတောရွာနဲ့ တောင်နှဲကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဧပြီ ၆ ရက်နေ့မှာ မီးရှိုံခဲ့ပြီး ရွာခံ ၇ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်