မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဒီကနေ့မှာ အကျဉ်းသား ၃,၃၀၀ ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ရန်ကုန် အင်းစိန်အကျဉ်းထောင် အပါအဝင် နိုင်ငံအနှံ့က အကျဉ်းထောင်တွေက အကျဉ်းသားတွေ လွတ်မြောက်လာကြပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာဘဲ မြန်မာနယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၄၆ ဦး ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး ခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး၊ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားဆရာဝန်များ အသင်း (MSF) ရဲ့ ရုံးခန်းနဲ့ ဆေးခန်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်အနီး တရုတ်စစ်တပ်က ဒီလထဲမှာ ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှုတွေ စတင်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းပြီး၊ အပစ်အခတ် ရပ်စဲဖို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပြီး နောက်တနေ့မှာ စတင်လိုက်တာပါ။
ကချင်ပြည်နယ်အနောက်ပိုင်း တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတခုကို ဒီကနေ့ မနက်ပိုင်းမှာ KIA က ထပ်မံ သိမ်းပိုက်လိုက်ပါတယ်။ ဖားကန့်မြို့နယ်က ကာမိုင်းမြို့ကိုလည်း KIA က တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေဟာ မြို့ကို စွန့်ပြီး တိမ်းရှောင်နေကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ တိုက်ပွဲတွေဖြစ်ပေါ်ပြီး ထိုင်းဘက်ကို မြန်မာနိုင်ငံသားတွေ ထွက်ပြေးခိုလှုံလာနေစဉ်မှာဘဲ မြန်မာထဲက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon နဲ့ ဒီကနေ့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားလိုက်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၃,၃၀၀ ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် နိုင်ငံတဝန်း ထောင်တွေက အကျဉ်းသားတွေ လွတ်မြောက်လာကြပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူတချို့လည်း ပါဝင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့ မြန်မာနှစ်ဆန်းတရက်နေ့ ဧပြီ ၁၇ မှာ တနိုင်ငံလုံးက အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာရှိတဲ့ ပြစ်ဒဏ်ကျအကျဉ်းသား ၃,၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နိုင်ငံခြားသားအကျဉ်းသား ၃၆ ဦးကိုလည်း ပြည်နှင်ဒဏ်ပေးမယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။
အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရတယ်လို့ သတင်းထွက်နေတဲ့ စစ်ကောင်စီ ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဧပြီလ အစောပိုင်းက စပြီး အခုချိန်အထိ လူမြင်ကွင်းကနေ ပျောက်ကွယ်နေဆဲ ဖြစ်ပါတယ်။
"စီးပွါးရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရော၊ စစ်ကောင်စီဘက်ကရော၊ ငြိမ်းချမ်းရေးအဖွဲ့တွေကော၊ ထိုင်းဘက်ကရော ပတ်သက်နေမှပဲ ဒီလုပ်ငန်းလုပ်လို့ရတယ်၊ အဲဒါကြောင့် မြဝတီမြို့သိမ်းတိုက်ပွဲ ဘယ်လိုအဆုံးသတ်မလဲဆိုတာ လူတွေအားလုံးက စိတ်ဝင်စားစရာတော့ ကောင်းတာပဲ။" (ဦးထူးချစ်)
"ကြားထဲမှာ တိုက်ပွဲတော့ မရှိဘူး။ သင်္ကြန်အကြိုနေ့ကတည်းက လက်နက်ကြီးနဲ့ ပစ်နေတာ။ သူတို့က အနောက်ဘက်ကမ်းကို လုံခြုံရေးယူတဲ့အနေနဲ့ ခြောက်လှန့်တဲ့သဘော ပစ်လိုက်တာ။ အဲဒီအချိန်မှာ ထိမှန်သွားတာ။" (ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ် စစ်ကြောင်း တာဝန်ရှိသူ)
နောက်ထပ်ကြည့်ရှုရန်