မြန်မာပြည်ကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ပဲမျိုးစုံတင်သွင်းသူတွေအနေနဲ့ မြန်မာကျပ်ငွေနဲ့ ရူပီးငွေ တိုက်ရိုက်အသုံးပြုတဲ့စနစ်ကို အဆင်ပြေပြေ အသုံးပြုနိုင်အောင် လျှော့ပေါ့မှုတွေလုပ်ပြီး လွယ်ကူအောင်လုပ်ပေးထားတယ်လို့ အိန္ဒိယအစိုးရက ဒီနေ့ ပြောကြားလိုက်ပါတယ်။
KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရဲ့ အခြေအနေဟာ ဒီနေ့ သင်္ကြန်အကြိုနေ့မှာတော့ ညနေပိုင်းအထိ ငြိမ်သက်နေပါတယ်။ မြဝတီမြို့မှာ တပ်စွဲထားတဲ့ ခလရ ၂၇၅ စစ်စခန်းက စစ်သားတွေ ဗုဒ္ဓဟူးနေ့က ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီးနောက် ကြာသပတေးနေ့အထိ ၂ ဘက် တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
ဒီကနေ့ဟာ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော် အကြိုနေ့ဖြစ်ပေမဲ့ ရ ပုံမှန်အားဖြင့် ရေကစားမဏ္ဍပ်မျိုးစုံနဲ့ စည်ကားလေ့ရှိတဲ့ ရန်ကုန်မြို့မှာဆိုရင် အခါတိုင်းလို ရေကစားမဏ္ဍပ်ကြီးတွေ မရှိသလို ရေပက်ခံထွက်တဲ့ ကားတွေလည်း မရှိဘဲ ခြောက်ကပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။
လုံခြုံရေးကောင်စီမှာ တံခါးဖွင့်ဆွေးနွေးလာနိုင်တာက မြန်မာ့အရေး နောက်ထပ် ဆုံးဖြတ်ချက် ချနိုင်ဖို့ တွန်းအားဖြစ်စေမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သုံးသပ်လိုက်ပါတယ်။ ဦးကျော်မိုးထွန်းကို ကိုငြိမ်းချမ်းအေး ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာ့ပြဿနာကို ဘက်စုံ ချဉ်းကပ်ကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်တောင်းဆို မြန်မာနိုင်ငံတွင်း အခြေအနေဟာ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်လာနေပြီး အထူးသဖြင့် အင်ဒိုပစိဖိတ် ဒေသတွင်း နိုင်ငံတွေ အတွက် ဖြစ်တယ်လို့ ကုလသမဂ္ဂ နိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူး သံအမတ်ကြီး Robert Wood ကပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်တာကြောင့် လူပေါင်း ၁၀၀ ကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ပဇီကြီး ကျေးရွာက ဒေသခံတွေဟာ ၁ နှစ်ပြည့်သွားပေမယ့် စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေထိုင်နေရတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာအတွက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့က ကြိုဆိုကြောင်း ဧပြီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ဒေသခံတွေဟာ သူတို့ရဲ့နေအိမ်တွေဆီ ပြန်လာချိန်မှာ ပျောက်ဆုံးသူတချို့ ရှိလာတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ပျောက်ဆုံးသူ အများစုက လူငယ်၊ လူလတ်ပိုင်း အရွယ်တွေဖြစ်ပြီးတော့ လနဲ့ချီ ပျောက်ဆုံးနေတာပါ။ ဒေသခံတွေအတွက် စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေ တင်းမာနေတဲ့အတွက် လုံခြုံရေး အခြေအနေအရ စစ်တွေမြို့မှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေကို ရန်ကုန်မြို့ကို ယာယီ ရွှေ့ပြောင်းထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့မှာ ပြောပါတယ်။
ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အားလုံး မြို့ကနေ ဆုတ်ခွာခဲ့ရပြီးတဲ့နောက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေး အတွက် ကရင်အမျိုးသား အစည်းအရုံး KNU က ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေတဲ့အကြောင်း KNUက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ထိုင်းရိုးရာနှစ်ကူး Songkran ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု ရိုးရာအမွေအနှစ် တခုအဖြစ် UNESCO က သိပ်မကြာခင်ကပဲ အသိအမှတ်ပြု ကြေညာခဲ့သလို၊ ဒီနှစ် Songkran ပွဲတော်ကို အရင်နှစ်တွေနဲ့မတူ ပိုပြီး တခမ်းတနား စည်ကားအောင်ကျင်းပဖို့ ထိုင်းတာဝန်ရှိသူတွေ စီစဉ်ထားတာပါ။
မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် ပဋိပက္ခတွေကို မြန်မာ့ပြည်တွင်းရေး သက်သက်အဖြစ် မရှုမြင်ဘဲ ချဉ်းကပ်ဖို့ ထိုင်းနယ်စပ်ကို သွားရောက်တဲ့ Fair ခေါ် Pen Tham ပါတီက ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်