ဧပြီ ၂၇၊ ၂၈ ရက်နေ့တွေမှာ နေ့အပူချိန် ပိုပြင်းလာနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားတာကြောင့် သတိထား နေထိုင် သွားလာသင့်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော်မိုးဦးက VOA မြန်မာပိုင်းကို ပြောပါတယ်။
MNDAA စစ်သား ၁၀ ယောက်ကို အာဏာအလွဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ လူသတ်ဖို့ရည်ရွယ်ကြံစည်မှု စတာတွေအပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုပြီး အများပြည်သူရှေ့မှာ တရားစီရင် သေဒဏ်ချမှတ်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီနှစ်ဇန်နဝါရီလက ၁၀၂၇ စစ်ဆင်ရေး ရပ်ဆိုင်းခဲ့တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိတော့ပေမဲ့ ဒေသခံ ပြည်သူတွေဟာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် မကြာခဏဆိုသလို ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာကို စစ်ကောင်စီတပ်တွေ ဧပြီလ ၁၉ ရက်နေ့က ဝင်ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အဘွားအိုတစ်ဦး သေဆုံးခဲ့ပါတယ်။
အခု ပြန်ပို့လိုက်သူတွေထဲမှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က ၂၆၁ ယောက်ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်းတွေ ဖြစ်တယ်လို့ Dhaka Tribune သတင်းက ဖော်ပြပါတယ်။
ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်က လူနေဆိုင်ခန်းတွေ ပိတ်ခိုင်းပြီး ဘုရားကျောင်းတွေမှာ ၅ ဦးထက် ပိုမစုဖို့ စစ်ကောင်စီကထုတ်ပြန်ထားတာကို ပြန်လည်ခွင့်ပြုပေးဖို့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ နေရပ်ပြန်ချင်သူတွေ စာရင်းပေးသွင်းပြီး အိမ်ပြန်နိုင်ပြီလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အကြောင်းကြားလာပေမယ့် ပြန်ရောက်ပြီးမှ နေအိမ်မီးလောင်ပြီး နေစရာမရှိတော့တဲ့ အဖြစ်နဲ့ ကြုံရသူတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ တနှစ်ကနေ သုံးနှစ်ကြာ အကျဉ်းချခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၁၇၃ ဦးဟာ ဧပြီလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ရောက်ရှိသွားပြီလို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကို အသက်သွင်းပြီးနောက် သွားလာခွင့်ပိတ်ပင်ခံထားရတဲ့ ရိုဟင်ဂျာတထောင်ကျော်ကို စစ်သားအဖြစ် အဓမ္မစုဆောင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
"ခုချိန်ထိတော့ဘာမှ ထူးခြားမှုမရှိသေးဘူး။ ပုံမှန်ပဲပေါ့။ ရိပ်သာမှာခေါ်ထားတယ်။ ကျနော်တို့မိသားစုတွေ တွေ့လို့ရတယ်။ အဲလောက်ပါပဲ။ လောလောဆယ်ကျနော်တို့ပြောနိုင်တာ ဘာမှမရှိသေးဘူး။ သူတို့ပြောသလိုပဲပေါ့။ ငြိမ်းချမ်းရေးအတွက် သူတို့ခေါ်ထားတယ်ပေါ့။ ကျနော်တို့ အဲလိုပဲ နားလည်ထားတယ်။" (မိသားစုနဲ့နီးစပ်သူ)
"ဒီနေ့ပြန်တာကတော့ ကျွဲခြံနေရာက ၂,၀၀၀ လောက်ရှိတဲ့ဒုက္ခသည်က။ အရင်နေ့ကလည်း ပြန်ကြတယ်။ လူ ၅၀၀ ကျော်လောက်က ဒီနေ့ နေ့လည် ၁၂ နာရီလောက် အကုန်လုံးပြန်ုပို့လိုက်တယ်။ ကျနော်တို့သိသလောက်ကတော့ ထိုင်းဘက်ခြမ်းမှာတော့ မကျန်တော့ဘူး။"(စစ်ဘေးရှောင်ကူညီသူတဦး)
“ကျနော်တို့ ဧပြီလ ၂၄ ရက်နေ့မှာ ဒီတိုက်ပွဲတွေ ဖော်ဆောင်တဲ့နောက်ဆက်တွဲမှာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုကလည်း ဒါဟာ စ-က-စ ကို ကျနော်တို့ အားလုံးက ဝိုင်းဝန်းပြီးတော့ ဒီလို လုပ်လို့ရတယ်ဆိုတဲ့ တော်လှန်ရေးတခုကိုလည်း မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။" (ဆလိုင်းထန်းချွန်းဖေ -စစ်ဦးစီးချုပ် မင်းတပ် CDF)
နောက်ထပ်ကြည့်ရှုရန်