သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း၊ မြန်မာနယ်စပ် မြဝတီမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွား


ထိုင်း မြန်မာနယ်စပ်၊ မြဝတီ နယ်စပ်ဂိတ်
ထိုင်း မြန်မာနယ်စပ်၊ မြဝတီ နယ်စပ်ဂိတ်

ထိုင်းမြန်မာနယ်စပ် နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့မြ၀တီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်နေပြီး ဧပြီလ ၉ ရက်နေ့ နေ့လည်ပိုင်းမှာလေကြောင်း တိုက်ခိုက်မူတွေလုပ်ခဲ့ပါတယ်။ မဲဆောက် မြ၀တီ ချစ်ကြည်ရေးတံတားတဝိုက်အပါအဝင် အချက်အချာကျတဲ့နေရာအတော်များများမှာ ပူးပေါင်းတပ်ဖွဲ့တွေက နေရာယူထားပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ်က နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့မြ၀တီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်နေပြီး ဧပြီလ ၉ ရက်နေ့ နေ့လည်ပိုင်းမှာစစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မူတွေလုပ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေဘက်က မြ၀တီမြို့ရဲ့အနေရာအတော်များများကိုထိန်းချုပ်ထားတယ်လို့ စစ်ဘေးရှောင်တွေကိုအကူညီပေးနေသူတဦးကပြောပါတယ်။

"ဒီနေ့နေ့လည် တိုက်ပွဲဖြစ်တယ် ၊ ရပ်ကွက်ကတော့ အေးသုခရပ်ကွက်ကိုဗုံးကြဲတာ ၂၇၅ ရှေ့က အေးသုခရပ်ကွက်ကိုကြဲတာ ၊ တိုက်ပွဲဖြစ်တဲ့အခါမှာ KNLA ကလည်းမြ၀တီအမှတ် (၁)တံတားနားကိုရောက်နေတယ် ၊တချို့ရပ်ကွက်တွေနားလည်း ရောက်နေတယ်၊ အခု မြို့ထဲနေရာတွေမှာလည်းရောက်နေတယ်၊ တံတားနေရာနားမှာလည်း တာဝန်ရှိတဲ့လုံခြုံရေးတွေမတွေ့ရတော့ဘူး၊ ဘဏ်တွေလည်းအကုန်ပိတ်ထားတယ် နေ့လည်ပိုင်းကတော့ စစ်တပ်လည်းမတွေ့တော့ဘူး ၊ရဲတွေမတွေ့တော့ဘူးမော်တော်ပီကယ်တောင်မတွေ့တော့ဘူး၊ဒါပေမယ့်တံတားက ကူးသန်းမှုတွေကတော့ရှိနေဆဲပဲ၊ အလုပ်သမားတွေ တိမ်းရှောင်နေသူတွေကတော့ပုံမှန်အတိုင်းပဲ"ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင်ဗျူဟာကျပြီး စစ်လက်နက်အမြောက်အများကိုပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်လိုက်သလိုစစ်ကောင်စီတပ်သား နဲ့တပ်မိသားစုဝင် ၆၀၀ကျော်ကလည်း KNU ထံကိုလက်နက်ချအညံ့ခံခဲ့ပါတယ်။ ဒီနောက်သူတို့ကို ကယ်ထုတ်မလားလို့မျှော်လင့်ကြပေမဲ့ စစ်ကောင်စီက မြ၀တီမြို့ထဲက ဘဏ္ဍာငွေကြေးတွေကိုသာသယ်ထုတ်ခဲ့ပါတယ်။

KNU က ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုဝင်များ (ဧပြီ ၂၀၂၄)
KNU က ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုဝင်များ (ဧပြီ ၂၀၂၄)

ဒီနောက် ၂ရက်အကြာမှာလေကြောင်းတိုက်ခိုက်မူတွေ စတင်ခဲ့တယ်လို့ဒေသခံတဦးကလည်းပြောပါတယ်။

"စိမ်းလဲ့မြိုင်နားမှာ ဒီနေ့မှာစစ်ကောင်စီကလေယာဉ်နဲ့ဗုံးလာကြဲတာ စိမ်းလဲ့မြိုင်နားမှာကျတယ် အမှတ်(၂)တံတားနဲ့လည်းနီးတယ် အခုကကားဝန်းနဲ့လည်းနီးတယ်"

အခုဆိုရင် မြ၀တီမြို့ခံတွေဟာ နေအိမ်တွေမှာမနေရဲတော့ပဲ မဲဆောက်ဘက်ကိုညနေပိုင်းအထိ ထွက်ပြေးလာနေကြတယ်လို့လည်း စစ်ဘေးရှောင်တွေကိုကူညီသူကပြောပါတယ်။

"မြ၀တီမြို့ခံ‌တွေက တိုက်ပွဲဖြစ်နေတဲ့အနေအထားကြောင့် နေလို့မရဲတော့ဘူး။ အလုံးအရင်းနဲ့ မဲဆောက်ဘက်ကိုသွားနေကြတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ အိမ်တွေဌားနေကြတယ်။ အခုချိန်ထိလည်းလာနေကြတုန်းပဲ"

လတ်တလောမှာတော့မြ၀တီမြို့က ဘဏ်တွေရွှေဆိုင်တွေနဲ့မြ၀တီ မြို့မစျေးကို မနေ့ကတည်းပိတ်ထားပြီး လေကြောင်းတိုက်ခိုက်မူတွေ လက်နက်ကြီးတွေနဲ့ပစ်ခတ်မူတွေကြောင့် မြ၀တီမြို့အဖျက်ဆီးခံရမလားဆိုပြီးပြည်သူတွေကတော့စိုးရိမ်ပူပန်မူတွေဖြစ်ပေါ်နေတာကြောင့် အနီးဆုံးထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကို တံတားပေါ်ကကော တံတားအောက်တရားမဝင်လမ်းတွေကပါ ထွက်ခွါနေကြပါတယ်။ မြ၀တီမြို့အခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG