ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် AA က မကြာသေးခင်ရက်တွေမှာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က စစ်ဘက်ဆိုင်ရာ အချက်အချာ နေရာမှာ အခုနောက်ဆုံး တိုက်ပွဲသံ မကြားရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီလအတွင်း အပူချိန် အမြင့်ဆုံးအဖြစ် ၄၈.၂ ဒီဂရီစင်တီဂရိတ် (ဖာရင်ဟိုက် အနေနဲ့ဆိုရင် ၁၁၈.၇၆ ဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသဌာန တာဝန်ရှိသူတွေက ဒီနေ့ပဲပြောလိုက်ပါတယ်။
ကချင်ပြည်နယ် ဆင်ဘိုမြို့အနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၄၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့မနက်မှာ အပြီးသတ်သိမ်းယူလိုက်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက အတည်ပြု ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီး ကြီးထွားလာမယ်ဆိုရင် ထိုင်းနိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့ ထိုင်းရေတပ်က စစ်သင်္ဘော ၄ စင်း ကပ္ပလီပင်လယ်ပြင်ထဲမှာ အဆင့်သင့် စေလွှတ်ထားတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေလျော့ကျပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ASEAN TROIKA နဲ့ TROIKA PLUS အစည်းဝေးတွေခေါ်ဖို့ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို လာအိုနိုင်ငံက ကြိုဆိုတယ်လို့ လာအိုနိုင်ငံခြားရေးဌာနပြောခွင့်ရ Nikorndej Balankura က ပြောကြား
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေမှာ ဒီနေ့မှာ အပူချိန်တွေ အလွန်မြင့်တက်ခဲ့တာကြောင့် အာဏာပိုင်တွေဘက်က ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပြီး၊ ဒေသခံတွေဟာလည်း အပူဒဏ်သက်သာစေဖို့အတွက် ပန်းခြံတွေနဲ့ လေအေးပေးစက်တွေ တပ်ထားတဲ့ ဈေးဝယ်စင်တာတွေကို သွားခဲ့ကြပါတယ်။
“ပိုမိုအားကောင်းတဲ့ အာဆီယံကို ကျွန်တော်တို့မြင်ချင်ပါတယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကပြောပါတယ်။ “လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ လာအိုနဲ့ မြန်မာ့အရေး ဆွေးနွေးနေတယ်” လို့လည်း သူကဆိုပါတယ်။ “အတိုက်အခံနဲ့ စစ်တပ် ကြားက တိုက်ပွဲတွေဟာ မြဝတီ အထိရောက်လာနေပါပြီ။
မြန်မာနိုင်ငံက ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြုကျင့်မှု ခံရတာကနေ ကာကွယ်နိုင်ဖို့ (NUG)အစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲကာ ကြိုးပမ်းနေတယ်လို့ လုံခြုံရေးကောင်စီမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။
မိုးဇလ ထုတ်ပြန်ချက်ထဲမှာ မကွေးမြို့မှာ ၄၅ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့မှာ ၄၃ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်မှာ ၄၁ ဒီဂရီစင်တီဂရိတ်နဲ့ ရန်ကုန်မှာ ၄၀ ဒီဂရီစင်တီဂရိတ် တွေအထိ အပူချိန် မြင့်တက်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ဝင်ငွေက စစ်ကောင်စီ ဝင်ငွေအားလုံးရဲ့ ငါးပုံတစ်ပုံအထိ ရှိနိုင်လို့ ကျောက်ဖြူကို ဆုံးရှုံးရင် ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီမြို့ကို ဆုံးရှုံးတာထက် ပိုပြီး စစ်ကောင်စီအတွက် “ကြီးမားတဲ့ထိခိုက်မှု” ဖြစ်နိုင်တယ်လို့ MIPS ရဲ့ သုတေသီတဦးကထောက်ပြပါတယ်။
မြန်မာ့ဒီမိုကရေစီရေးကို အားပေးဖို့ အမေရိကန်ပြည်ထောင်စု ပြဌာန်းထားတဲ့ Burma Act ဥပဒေဟာ မြန်မာနိုင်ငံကို ဖျက်စီးဖို့ ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။ ပြည်တွင်းသတင်းဌာနတခုနဲ့ သီးသန့်မေးမြန်းခန်းတခုမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
မြဝတီမြို့မှာ တိုက်ပွဲဖြစ်လို့ ပိတ်ထားခဲ့တဲ့ မြဝတီ-မဲဆောက် တံတားအမှတ် (၁) ကို ဒီနေ့ ဧပြီ ၂၇ ရက်မှာ မြန်မာဘက်က ပြန်ဖွင့်ပေးလိုက်ပါတယ်။ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို လာရောက်ခိုလှုံခဲ့သူတွေ နေရပ်ပြန်ဖို့ လုပ်နေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်