မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဆိုင်းကြဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပြီး အရပ်သားတွေ ဘေးကင်းလုံခြုံမှုရှိရေးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ကြဖို့ကိုလည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူထားတဲ့ မြဝတီမြို့ ပြန်လည်ရရှိရေး စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းစေလွှတ်နေတဲ့အပြင် ကော့ကရိတ်မြို့မှာလည်း လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန့်ပို့ရေးမှာ မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် နှောင့်နှေးနေတယ်လို့ အိန္ဒိယလုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာ့နှစ်ဆန်းတရက်ညပိုင်းက ပြင်ဦးလွင်မြို့အထွက်မှာ တိုက်ပွဲဖြစ်ပြီး ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် မြို့အဝင်အထွက်တွေမှာ စစ်တပ်က စစ်ဆေးတာတွေ လုပ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နယူးဇီလန် နိုင်ငံ Wellington မြို့တော်မှာ ဒီနေ့ စတင် ကျင်းပတဲ့ အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် မပေးဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုပေမဲ့ နယူးဇီလန် တရားရုံးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
မြန်မာနှစ်ဆန်း ၁ ရက်၊ မနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက မနေ့ညနေပိုင်းမှာ သူ့နေအိမ်ကနေ ပြန်လည်ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။
မြန်မာပြည်က လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့အရေးပါတဲ့ ဂျက်လေယာဉ်ဆီ စစ်တပ်ကို မရောင်းချရေးတောင်းဆိုဖို့ တရုတ်အပါအဝင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအားလုံးက ဧပြီလထဲ တညီတညွတ်ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘယ်လိုအကျိုးရှိလာနိုင်ပါသလဲ။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပါထားပါတယ်။
မြန်မာနှစ်ဆန်း ၁ ရက်၊ ဧပြီလ ၁၇ ရက်မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရတဲ့လူထုအတွက် Blood Money - "သွေးစွန်းငွေ ဖြတ်တောက်ရေး" အဖွဲ့ကဦးဆောင်ပြီး စက္ကူလေယာဉ်သပိတ် ဆင်နွှဲကာ မြန်မာစစ်တပ်ကို လေယာဉ်ဆီဖြတ်တောက်ဖို့ နှိုးဆော်နေသလို လူ့အခွင့်ရေးအဖွဲ့တွေကလည်း ဒါကိုတောင်းဆိုနေကြပါတယ်။
"ဖမ်းမိခဲ့တဲ့ဘတ်သန်း ၈၀ ဟာ ထိုင်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ Hybrid Scam အွန်လိုင်း လိမ်လည်ဂိုဏ်းကငွေတွေဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေတဆင့် မြန်မာနိုင်ငံအထိ ယူဆောင်သွားစဉ် ရဲထိုင်းတပ်ဖွဲ့က မြန်မာနိုင်ငံအတွင်းမရောက်ခင် ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်။" (ဒု-ရဲချုပ် Worawat nakornbancha)
ရာသီဥတုပူလာတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်ကို အကျဉ်းထောင်တွေကနေ ပြောင်းရွှေ့လိုက်တဲ့သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်ကို လူသားဒိုင်းအဖြစ် အသုံးပြုမှာ စိုးရိမ်ပါတယ်လို့ သား ကင်မ်အဲရစ်စ် က ဗြိတိန်အခြေစိုက် Independence သတင်းစာကြီး ကို ပြောပါတယ်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဒီကနေ့မှာ အကျဉ်းသား ၃,၃၀၀ ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ရန်ကုန် အင်းစိန်အကျဉ်းထောင် အပါအဝင် နိုင်ငံအနှံ့က အကျဉ်းထောင်တွေက အကျဉ်းသားတွေ လွတ်မြောက်လာကြပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာဘဲ မြန်မာနယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၄၆ ဦး ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး ခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်