မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ဓမ္မသကျေးရွာကို ဒီကနေ့မှာ စစ်ကောင်စီ လေယာဉ်က လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေယာဥ်နဲ့ ပစ်ခတ်တာကြောင့် ရွာ မီးလောင်တာကို တဖက်ကမ်းကနေ မြင်နေရတယ်လို့ လည်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
မြဝတီမှာ မကြာသေးခင်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့က လက်နက်ချခဲ့တဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်ပို့ရေး စစ်ကောင်စီက စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေပေမဲ့၊ KNU နဲ့ပူးပေါင်းတပ်ဖွဲတွေကို ညှိနှိုင်းတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆောက်အဦး အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ မြင်းခြံမြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး အတွင်း အရပ်သား ၃ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်တွေမီးရှို့ခံရတာတွေရှိနေပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းက ရှားတောရွာနဲ့ တောင်နှဲကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဧပြီ ၆ ရက်နေ့မှာ မီးရှိုံခဲ့ပြီး ရွာခံ ၇ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမောက်မြို့နယ်၊ စိန်လုံရွာက စစ်ကောင်စီရဲ့ဗျူဟာကုန်းကို ဒီလ ၁ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူခဲ့တဲ့နောက် ဆုတ်ခွာသွားတဲ့ ဗျူဟာမှုးနဲ့ တပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းရာမှာ စစ်ကောင်စီရဲ့ ဗျူဟာမှုးကို KIA ဘက်က သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့တာပါ။
"လက်ရှိ စစ်ကောင်စီဟာ အင်အားစတင်လျော့ကျလာနေပြီဆိုတာ ကျနော်တို့အားလုံး သိကြမယ်ထင်ပါတယ်။" လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က Reuters သတင်းဌာနနဲ့မေးမြန်းခန်းမှာ ပြောလိုက်တာပါ။ အင်အားချိနဲ့လာတယ် ဆိုပေမဲ့ အာဏာနဲ့ လက်နက်ရှိနေဆဲဖြစ်တာကြောင့် စေ့စပ်ညှိနှိုင်းသင့်တယ်လို့ ယူဆကြောင်းလည်း အကြံပေးခဲ့တာပါ။
အရေးပေါ် ကယ်ဆယ်ရေးလေယာဉ် ဆင်းသက်ခွင့်ပြုဖို့ ထိုင်းနိုင်ငံကို ခွင့်ပြုချက် တောင်းခံထားပေမဲ့ ပထမတစင်း မနေ့က ရောက်လာခဲ့ပြီး အစီအစဉ်ကို ရုတ်တရက် ဖျက်လိုက်တာလို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ Thanawat Sirikul ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်တွေက ဧပြီလအကုန် မေလဆန်းပိုင်းလောက်မှသာ သောက်သုံးရေ ရှားပါးတာတွေ ကြုံတွေ့ကြပေမယ့် ဒီနှစ်မှာတော့ ရေရှားတဲ့ ဒဏ်ကို စောစောစီးစီး စကြုံနေရပါပြီ။
ကရင်ပြည်နယ် မြ၀တီမှာ ပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုင်းနယ်စပ်မြို့ကနေ ပြန်ခေါ်ယူနိုင်ဖို့ စစ်ကောင်စီက လေကြောင်းခရီးစဉ်တွေ ညှိုနှိုင်းစီစဉ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂရဲ့ လက်ထောက်အတွင်းရေးမှူးချုပ်တဦးဖြစ်တဲ့ ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဌာနရဲ့ အကြီးအကဲ Mr. Gilles Michaud ဟာ ဧပြီလ ၄ ရက်နေ့တုန်းက စစ်ကောင်စီ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွေမှာဖော်ပြခဲ့တာပါ။ ကိုငြိမ်းချမ်းအေးစုစည်းတင်ပြထားပါတယ်။
အတွင်းရေးမှုးချုပ်ရဲ့ မြန်မာအထူးကိုယ်စားလှယ် အဖြစ် တာဝန်ပေးခံရ တာကို အထူးဂုဏ်ယူကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop က ကြေညာချက် ထုတ်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက လုံခြုံရေးကောင်စီက ချမှတ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ကူညီပေးဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ဧပြီလ ၅ ရက်နေ့ကက တာဝန်ပေးခြင်းခံရတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop က သူ့အနေနဲ့ ဒီလို အထူးသံတမန် အဖြစ် ခန့်အပ်ခံရတာကို အထူးပဲ ဂုဏ်ယူမိကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာချက် ထုတ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်