ထိုင်း - မြန်မာနယ်စပ်က မြဝတီမြို့မှာ မနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ မြဝတီမြို့ကနေ ထိုင်းနိုင်ငံမဲဆောက်မြို့ကို ထွက်ပြေးခိုလှုံလာတဲ့သူ ၃ ထောင်လောက် ရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ချစ်ကြည်ရေးတံတား၂ နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ တနေ့လုံးတိုက်ခိုက်နေပြီး စနေညပိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ နယ်စပ်နေပြည်သူတဦးကပြောပြပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်မြဝတီမြို့မှာ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ လေကြောင်းတိုက်ခိုက်မူတွေ စနေတနေ့လုံးရှိသလို ညပိုင်းမှာလည်း ပစ်ခတ်သံတွေကြားနေရပါတယ် ။ ထိုင်းဘက်ကို စစ်ဘေးရှောင်သူတွေ ထောင်နဲ့ချီပြီးရောက်နေတာပါ။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ စနေ့နေ့က တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေး တိုးမြှင့်ချထားပြီး ထိုင်းဝန်ကြီးချုပ်ကလည်း အခြေအနေ အမျိုးမျိုး အတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာ လာမယ့်သီတင်းပတ်ထဲ တရုတ်နိုင်ငံ ခရီးစဥ် အတွင်းမှာ တခြား ကမ္ဘာ့အရေးကိစ္စရပ်တွေနဲ့အတူ မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာ လာမယ့်သီတင်းပတ်ထဲ တရုတ်နိုင်ငံ ခရီးစဥ် အတွင်းမှာ တခြား ကမ္ဘာ့အရေးကိစ္စရပ်တွေနဲ့အတူ မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ အောက်မှာ ခိုလှုံနေတဲ့ စစ်ကောင်စီ ခလရ ၂၇၅ တပ်ရင်းက တပ်ဖွဲ့ဝင်တချို့ကို KNLA/ PDF မဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ ပြည်သူကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ဧပြီလ ၂၀ ရက်နေ့ညက ညလုံးပေါက် တိုက်ပွဲကြောင့် မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည် ထောင်နဲ့ချီ ရှိနေပါတယ်။
အိန္ဒိယရွေးကောက်ပွဲအလားအလာ အကြိုခန့်မှန်းချက် − အိန္ဒိယနိုင်ငံရွေးကောက်ပွဲကို (၇)ရက်ခွဲပြီးကျင်းပတဲ့အနေနဲ့ ကြာသပတေးနေ့က စတင်ခဲ့ရာမှာ အာဏာရ BJP ပါတီကသာ အနိုင်ရချေရှိတယ်လို့ ခန့်မှန်းနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အိန္ဒိယမှာနေထိုင်တဲ့ မြန်မာနွယ်ဖွားတွေရဲ့အမြင်ကို ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီကုန်သွယ်ရေး အဓိကလုပ်တဲ့ ချစ်ကြည်ရေးတံတား (၂) မြဝတီဘက်ခြမ်းမှာ ခိုအောင်းနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA မဟာမိတ်တပ်တွေ စီးနင်းတိုက်ခိုက်ပြီး အပြီးသတ်ရှင်းလင်းနိုင်ပြီလို့ KNLA /PDF ပူးပေါင်းတပ်တွေကပြောပါတယ် ။
မကြာခင် သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက် ခိုလှုံလာတဲ့ မြန်မာစစ်ကောင်စီ တပ်သား ၂၈၅ ယောက်ကို ဧပြီလ ၂၂ ရက်နေ့မှာ မြန်မာဘက်ကို ပြန်ပို့မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်