ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူမယ့် မြန်မာရေတပ်ပိုင် ချင်းတွင်း သင်္ဘောနဲ့ မနက်ဖြန် ပြန်ပို့မှာလို့လည်း ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေကြား တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူ ၁၀၀ ကျော် ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂက နှစ်စဉ်ချီးမြှင့်လေ့ရှိတဲ့ ၂၀၂၄ ခုနှစ်အတွက် Arthur Svensson ခေါ် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆုကို မြန်မာနိုင်ငံက အလုပ်သမား အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါ်ခိုင်ဇာအောင်ကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။
ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပါဝင်တဲ့ မွန်ကရင်တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား မနေ့ညပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။
ထိုင်းနယ်စပ်အနီး မြဝတီမြို့မှာဖြစ်ပွားနေတဲ့ မြန်မာစစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ပွဲတွေကြောင့် ထိုင်းကိုပုံမှန်စေလွှတ်နေတဲ့ MoU အလုပ်သမားတွေကို လေကြောင်းကနေ ပြောင်းလဲပို့ဆောင်ဖို့ ရှိနေပါတယ်။
ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့တဝိုက် တိုက်ပွဲတွေ တကယ်ပဲ ငြိမ်သက်သွားပြီလား၊ ဒေသခံစစ်ရှောင်တွေအခြေအနေတွေ ဘယ်လိုရှိပါသလဲ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို အကူအညီပေးနေသူ ဗကသခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်ကို မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာစစ်ကောင်စီဟာ အာဏာချုပ်ကိုင်နိုင်ဖို့အတွက် အကြမ်းဖက်ရက်စက်မှုတွေ ဆက်ကျူးလွန်နေတာကြောင့် လူပေါင်း လေးထောင်ကျော်သေဆုံးရပြီး လူ နှစ်သောင်းခွဲကျော် ဖမ်းဆီးထိမ်းသိမ်းခံနေရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။
ဦးဟင်နရီဗန်ထီးယူကို ဒု သမ္မတ အဖြစ်ကနေ အနားပေးလိုက်တယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။
မြန်မာနိုင်ငံတွင်းပဋိပက္ခတွေမှာ ညှိုနှိုင်းဆွေးနွေးမှုတွေဖြစ်လာစေဖို့ ထိုင်းအနေနဲ့ ကြားဝင်ညှိုနှိုင်းပေးဖို့ အသင့်ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ ကြား တိုက်ပွဲလျော့ကျလာတဲ့အတွက် အမှတ်(၂) ချစ်ကြည်ရေးတံတားနားမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မနက်ပိုင်းမှာနေ ရပ် ပြန်သွားကြကြောင်း စစ်ဘေးရှောင်ကူညီနေတဲ့ ဦးဇော်ထွန်းက ဗွီအိုအေကိုပြောပါတယ်။
တခါသုံး ပလတ်စတစ်သုံးစွဲမှုတွေဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးကို အလွန်ထိခိုက်စေတာကြောင့် တတ်နိုင်သမျှ လျှော့ချဖို့ မြန်မာသဘာ၀ပတ်၀န်းကျင်အရေးလှုပ်ရှားသူတွေက ဒီကနေ့ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်းက PDF ကာကွယ်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ခမ်းပတ်ကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတာကြောင့်အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း ၂ ရက်အတွင်း ရာနဲ့ချီတဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁ ဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်