စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ ကြား တိုက်ပွဲလျော့ကျလာတဲ့အတွက် အမှတ်(၂) ချစ်ကြည်ရေးတံတားနားမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မနက်ပိုင်းမှာနေ ရပ် ပြန်သွားကြကြောင်း စစ်ဘေးရှောင်ကူညီနေတဲ့ ဦးဇော်ထွန်းက ဗွီအိုအေကိုပြောပါတယ်။
တခါသုံး ပလတ်စတစ်သုံးစွဲမှုတွေဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးကို အလွန်ထိခိုက်စေတာကြောင့် တတ်နိုင်သမျှ လျှော့ချဖို့ မြန်မာသဘာ၀ပတ်၀န်းကျင်အရေးလှုပ်ရှားသူတွေက ဒီကနေ့ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်းက PDF ကာကွယ်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ခမ်းပတ်ကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတာကြောင့်အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း ၂ ရက်အတွင်း ရာနဲ့ချီတဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁ ဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ လျော့ကျလာနေတဲ့အတွက် ထိုင်းဘက် ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်အများစု နေရပ်ပြန်နေကြပြီး ဒုက္ခသည် အရေအတွက် ကျဆင်းသွားကြောင်း ထိုင်းဒုတိယဗိုလ်ချုပ်ကြီး Prasan Saengsirirak က သတင်းထောက်တွေကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ် ဗန်းမော် နားထိ KIA နဲ့ ပူးပေါင်းတပ်တွေ ရောက်လာနေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။ အနီးအနားက မိုးမောက်မြို့မှာ ဒီကနေ့ မနက်အစောပိုင်းက စတင်ပြီး စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်နေပါတယ်။
ထိုင်းနယ်စပ် မြဝတီမြို့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ထိုင်းအစိုးရနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်တယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်း - မြန်မာနယ်စပ်က မြဝတီမြို့မှာ မနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ မြဝတီမြို့ကနေ ထိုင်းနိုင်ငံမဲဆောက်မြို့ကို ထွက်ပြေးခိုလှုံလာတဲ့သူ ၃ ထောင်လောက် ရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ချစ်ကြည်ရေးတံတား၂ နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ တနေ့လုံးတိုက်ခိုက်နေပြီး စနေညပိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ နယ်စပ်နေပြည်သူတဦးကပြောပြပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်မြဝတီမြို့မှာ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ လေကြောင်းတိုက်ခိုက်မူတွေ စနေတနေ့လုံးရှိသလို ညပိုင်းမှာလည်း ပစ်ခတ်သံတွေကြားနေရပါတယ် ။ ထိုင်းဘက်ကို စစ်ဘေးရှောင်သူတွေ ထောင်နဲ့ချီပြီးရောက်နေတာပါ။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ စနေ့နေ့က တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေး တိုးမြှင့်ချထားပြီး ထိုင်းဝန်ကြီးချုပ်ကလည်း အခြေအနေ အမျိုးမျိုး အတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာ လာမယ့်သီတင်းပတ်ထဲ တရုတ်နိုင်ငံ ခရီးစဥ် အတွင်းမှာ တခြား ကမ္ဘာ့အရေးကိစ္စရပ်တွေနဲ့အတူ မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်