ကရင် KNLA တပ်နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေ စီးနင်းနိုင်ခဲ့တဲ့ မြဝတီမြို့က တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက် သက်ရောက်မှုတွေကို လေ့လာဖို့ မြဝတီနဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို မနက်ဖြန် သောကြာနေ့မှာ သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ကပြောပါတယ်။
မြန်မာနိုင်ငံဘက်က လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နောက်ထပ် နှစ်နိုင်ငံ ကုန်သွယ်ရေး ထပ်ပြီး ကျဆင်းသွားမှာ စိုးရိမ်တဲ့အကြောင်း ထိုင်း စက်မှု လုပ်ငန်းရှင်ကြီးများအသင်း FTI က ပြောဆိုပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ နောက်ဆုံး ကျန်တော့တဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ စခန်း ကျသွားပြီတဲ့နောက် စစ်သားတွေဟာ BGF ထိန်းချုပ်ထားတဲ့နေရာဖြစ်တဲ့ တံတား ၂ ဘက်မှာ လက်နက်တွေနဲ့ ရောက်ရှိနေပြီး ထိုင်းဘက်ကို ဝင်ခွင့်ရဖို့ အကူအညီတောင်းခံနေပါတယ်။
နေပြည်တော်မှာရှိတဲ့ အေလာ လေတပ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေက ရှော့တိုက် ဒုံးတွေနဲ့ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးတာတွေရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွေလည်း ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားရတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ရဲ့ အဓိက ဝင်ပေါက်လမ်းပေါ်က နန့်ယားတပ်စခန်းကို KIA က ဒီကနေ့ မနက်မှာ သိမ်းယူ လိုက်ပါတယ်။ တချိန်တည်းမှာတော့ ဖားကန့်မြို့နယ်ရဲ့ အင်းတော်ကြီးဒေသဘက်က အခြားအဝင်လမ်းဖြစ်တဲ့ ဆယ်ဇင်းဘက်မှာလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်၊ မြ၀တီမြို့မှာ တခုတည်းသာကျန်တော့တဲ့ စစ်ကောင်စီရဲ့ စခန်းဖြစ်တဲ့ ခလရ ၂၇၅ စခန်းကျသွားပြီလို့ပူးပေါင်းတပ်ဖွဲ့တွေကပြောပါတယ်။
"စစ်က နေရာတိုင်းမှာ ဖြစ်နေပါတယ်၊ မြန်မာကို မမေ့ကြပါနဲ့" လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားလိုက်ပါတယ်။
နွေရာသီကာလမှာ စစ်ရှောင်စခန်းတချို့ ရေလိုအပ်ချက် ရှိနေတယ်လို့ ကူညီပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။
လာအိုနိုင်ငံ ရွှေတြိဂံစီးပွားရေးဇုန်က နေရာအများစုကို ရဲတပ်ဖွဲ့က သုံးရက်ဆက်တိုက် ဝင်ရောက် စစ်ဆေးတာမှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီးရမိထားပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင် အမျိုးသားနဲ့ လူငယ် ၁,၀၀၀ လောက်ကို ဖေဖော်ဝါရီလကတည်းက အဓမ္မ ဖမ်းဆီးပြီး စစ်သားအဖြစ် စုဆောင်းနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့ ဧပြီလ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြဝတီမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထိုင်းဘက်ကလည်း နယ်စပ်ကို လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားပါတယ်။ မြဝတီမြိုခံတချို့ကတော့ နယ်ခြားကို ဖြတ်ပြီး ထိုင်းဘက်ကို နည်းလမ်းမျိုးစုံနဲ့ ကူးလာနေကြဆဲ ဖြစ်ပါတယ်။
ဖမ်းဆီထောင်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီ နာယက ဦးဝင်းထိန် အပူကြီးတဲ့အတွက် ဆေးရုံတက်ဆေးကုသနေရတယ်လို့ ရှေ့နေကပြောပါတယ်။ ဒါပေမဲ့လည်း စိုးရိမ်ရတဲ့ အဆင့်တော့ မရှိဘူးလို့လည်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်